ဇနက ကံ

by | Jun 9, 2022 | ဇ | 0 comments

‘ဝိပါက်စိတ်, စေတသိက်’-ဟူသော နာမ်ခန္ဓာနှင့် ကံ-အကြောင်းခံ၍ ဖြစ်လာရသော ရုပ်ခန္ဓာတို့ကို “အကျိုးတရား”ဟု ခေါ်သည်၊ ယင်းအကျိုးတရားတို့ကို ပဋိသန္ဓေအခါမှာ ဖြစ်စေ၊ ပဝတ္တိအခါမှာ ဖြစ်စေ, အခွင့်သာရာအခါ၌ မိမိကိုယ်တိုင် ဖြစ်စေနိုင်သော ကံသည် “ဇနက ကံ” မည်၏။

ဇီဝိတိန္ဒြေ ၁

အတူတကွ ဖြစ်ဖက် ရုပ်နာမ်တရားတို့ကို အစိုးတရ စောင့်ရှောက်တတ်သော သဘောတရား။

ဇိဝှါဝိညာဏ် ဒွေး ၁

ဒွေးဟူသည် နှစ်(၂) ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် ဇိဝှါဝိညာဏ် ဒွေးဟူသည် ဇိဝှါဝိညာဏ် ၂ ပါး-ဟု...

ဇိဝှါဒွါရိကစိတ် ၄၆ ပါး

အကုသိုလ်စိတ် ၁၂ ပါး၊ ဇိဝှါဝိညာဏ်စိတ် ၂ ပါး၊ သမ္ပဋိစ္ဆိုန်းစိတ် ၂ ပါး၊ သန္တီရဏစိတ် ၃ ပါး၊ အဟိတ်ကြိယာစိတ် ၃ ပါး၊ ကာမာဝစရသောဘနစိတ် ၂၄ ပါး၊ ပေါင်း ၄၆ ပါး။(အကုသိုလ်စိတ် ၁၂ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ဇိဝှါယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော လျှာ။