ကမ္မဇကလာပ် ၉ စည်း

by | Sep 14, 2022 | က | 0 comments

၁။ဇီဝိတနဝကကလာပ်၊ ၂။စက္ခုဒသက ကလာပ်၊ ၃။သောတဒသက ကလာပ်၊ ၄။ဃာနဒသက ကလာပ်၊ ၅။ဇိဝှါဒသက ကလာပ်၊ ၆။ကာယဒသက ကလာပ်၊ ၇။ပုမ္ဘာဝဒသက ကလာပ်၊ ၈။ဣတ္ထိဘာဝဒသက ကလာပ်၊ ၉။ဝတ္ထုဒသက ကလာပ်။(ကံကြောင့်ဖြစ်သော ရုပ် ၁၈ ပါးမှ ဇီဝိတရုပ်နှင့် အဝိနိဗ္ဘောဂရုပ် ၈ ပါးကို ပေါင်းစည်း၍ ဇီဝိတနဝကကလာပ်ဟု ခေါ်သည်။ ထိုဇီဝိတနဝကကလာပ်တွင် ပသာဒရုပ်ငါးပါး၊ ဘာဝရုပ် ၂ ပါး၊ ဟဒယရုပ်ဟု ခေါ်သော ဝတ္ထုရုပ်၊ ပေါင်း ရှစ်ပါးကို တစ်ပါးချင်းစီပေါင်းစည်းလျက် စက္ခုဒသက၊ သောတဒသက၊ ဃာနဒသက၊ ဇိဝှါဒသက၊ ကာယဒသက၊ ပုမ္ဘာဝဒသက၊ ဣတ္ထိဘာဝဒသက၊ ဝတ္ထုဒသကဟု ရှစ်မျိုးရလာသည်။ စုစုပေါင်းသော် ကလာပ်စည်း ၉ ခု ရှိလေသည်။)

ကံ

ကိုယ်မှု၊နှုတ်မှု၊စိတ်မှု-ကို ပြုလုပ်အောင် တိုက်တွန်းပေးသော ကုသိုလ်စေတနာ, အကုသိုလ်စေတနာကို ကံ-ဟု...

ကုသိုလ်ဝစီကံ ၄ ပါး

၁။မုသာဝါဒဝိရတိ၊ ၂။ပိသုဏဝါစာဝိရတိ၊ ၃။ဖရုသဝါစာဝိရတိ၊ ၄။သမ္ဖပ္ပလာပဝိရတိ ။

ကိလေသာ ၁၀-ပါး

၁။ လောဘ၊ ၂။ ဒေါသ၊ ၃။ မောဟ၊ ၄။ မာန၊ ၅။ ဒိဋ္ဌိ၊ ၆။ ဝိစိကိစ္ဆာ၊ ၇။ ထိန၊ ၈။ ဥဒ္ဓစ္စ၊ ၉။ အဟိရိက၊ ၁၀။ အနောတ္တပ္ပ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...