ကလာပ်

by | Jun 9, 2022 | က | 0 comments

အစိတ်အစိတ်တရားများ ပေါင်းစုမိကြရာ ဖြစ်သောအပေါင်းအဖွဲ့ကို ကလာပ်-ဟု ခေါ်သည်၊ အတူတကွ ဖြစ်ခြင်း၊ အတူတကွချုပ်ခြင်း၊ တူသောမှီရာ မဟာဘုတ် ရှိခြင်း-လက္ခဏာ ၃-ပါးနှင့် ပြည့်စုံသော ရုပ်အပေါင်းကို “ကလာပ်”ဟု ခေါ်သည်။

ကာမယောဂ ၂

လောဘမူစိတ် ၈-ပါး၌ရှိသော လောဘစေတသိက်။

ကာမောဃ ၂

လောဘမူစိတ် ၈-ပါး၌ရှိသော လောဘစေတသိက်။

ကမ္မပစ္စယော

ကံ (စိတ်၏ ကြောင့်ကြစိုက်မှု အမူအရာ) အဖြစ်ဖြင့် ကျေးဇူးပြု တတ်သော တရား။

ကသိုဏ်း

"ကသိဏ" သဒ္ဒါသည် "အလုံးစုံ"ဟူသော အနက်ကို ဟောသည်၊ ကမ္မဋ္ဌာန်းအလုပ် အားထုတ်သော ယောဂီပုဂ္ဂိုလ်က အလုံးစုံအကုန်အစင် အားလုံး တစ်ပြိုင်နက် ထင်မြင်အောင် ဆင်ခြင် ကြည့်ရှုအပ်သော အာရုံကိုလည်း "ကသိုဏ်း"ဟု ခေါ်သည်၊ ထိုအာရုံနှင့် အလားတူစွာ ထင်ပေါ်လာသော ပဋိဘာဂနိမိတ်(ပုံရိပ်)ကိုလည်း...