ရွာ၏ ဥပစာ အစရှိသည်တို့ကဲ့သို့ အပ္ပနာဘာဝနာ၏ အနီး၌ ဖြစ်လေ့ရှိသော ဘာဝနာသည် ဥပစာရဘာဝနာ မည်၏၊ နီဝရဏတို့ကို ခွာနိုင်ရာအခါမှ စ၍ ဂေါတြဘုအဆုံးရှိသော ကာမာဝစရဘာဝနာ ဖြစ်သည်။
ဥတုဇရုပ်
ဥတုကြောင့်ဖြစ်သော ရုပ်။ (ဥတု-ဟူသည် "အအေးငွေ့, အပူငွေ့"ဟူသော တေဇောဓာတ်ပင် ဖြစ်သည်၊ ဥတုနှင့် တေဇော ဓာတ်မှာ အခေါ်သာ ကွဲသည်၊ သဘောအဓိပ္ပာယ် အတူတူပင် ဖြစ်သည်၊ ယင်းတေဇောဓာတ်သည် ဥပါဒ်ပြီးနောက် မိမိ၏ ဌီသို့ ရောက်မှသာ ဥတုဇရုပ်ကို အဇ္ဈတ္တသန္တာန်, ဗဟိဒ္ဓသန္တာန်မှာ...
