အပ္ပနာဘာဝနာ

by | Jun 9, 2022 | | 0 comments

ဥပစာရဘာဝနာထက် လွန်ကဲ၍ စွဲမြဲစွာ အာရုံ၌ သက်ဝင် တည်နေတတ်သော ဘာဝနာသည် အပ္ပနာဘာဝနာ မည်၏၊ ဤအပ္ပနာဘာဝနာသည် ဥပစာရဘာဝနာထက် ခိုင်မြဲစွာ အာရုံ၌ တည်နေတတ်သော မဟဂ္ဂုတ် လောကုတ္တရာဈာန်များ ဖြစ်သည်။

အဒိန္နာဒါနဝိရတိ

အဒိန္နာဒါနမှ ရှောင်ကြဉ်ခြင်း(သူတစ်ပါး မပေးသော ဥစ္စာကို ထိုသူမသိအောင် မယူခြင်း)။

အပ္ပဏိဟိတဝိမောက္ခ

တဏှာ-တည်းဟူသော တောင့်တခြင်း ကင်းသည်ဖြစ်၍ သံယောဇဉ်-စသည်တို့မှ လွတ်သော မဂ်သည်...

အာဝဇ္ဇန်းဒွေး ၁

ဒွေးဟူသည် နှစ်(၂) ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် အာဝဇ္ဇန်းဒွေး ဟူသည် အာဝဇ္ဇန်း၂ ပါး-ဟု ဆိုလိုသည်။

အနောတ္တပ္ပ

ဒုစရိုက် ပြုရန် မကြောက်ခြင်းသဘော၊ မလန့်ခြင်းသဘော။