အပ္ပဋိဃရုပ်

by | Jun 9, 2022 | အ | 0 comments

ဓာတ်သဘာဝအလိုက် မထိခိုက်တတ်သော ရုပ်များ။ ထိခိုက် ကိုင်တွယ် စမ်းသပ်ရန် မလွယ်ကူသောကြောင့်ပင် မထိခိုက်တတ်ဟု ဆိုခြင်း ဖြစ်သည်။

အပ္ပနာဇော

မဟဂ္ဂုတ်လောကုတ္တရာဇော (ရူပါဝစရကုသိုလ် ၅၊ ရူပါဝစရကြိယာ ၅၊ အရူပါဝစရကုသိုလ် ၄၊ အရူပါဝစရကြိယာ ၄၊ မဂ် ၄၊ ဖိုလ် ၄)၊ပေါင်း ၂၆ ပါးတို့သည် အပ္ပနာအမည်ရှိခြင်းကြောင့် ဇောကိစ္စကို ဆောင်ရွက်သည်ရှိသော် အပ္ပနာဇော-ဟု...

အရူပါဝစရကြိယာစိတ်

အရူပဗြဟ္မာဘဝသို့ မရောက်စေတော့သော၊ အရူပဗြဟ္မာ့ဘုံ၌ ပဋိသန္ဓေနေရခြင်းကို မဖြစ်စေတော့သော...

အနုလောမဉာဏ်

"အနုလောမဉာဏ်"ဟူသည်မှာလည်း "ပရိကမ်, ဥပစာ, အနုလုံ" အမည်ရသော ရှေးဉာဏ် ကိုးပါးတို့၏ ကိစ္စပြီးခြင်းအားလည်းကောင်း၊ ဗောဓိပက္ခိယတရားတို့အားလည်းကောင်း လျော်သော ဝိပဿနာဉာဏ်များပင်...

အာဇီဝပါရိသုဒ္ဓိသီလ

"ဆွမ်း, သင်္ကန်း, ကျောင်း, ဆေး" ပစ္စည်း ၄-ပါးတို့ကို မအပ်မစပ် မတရားသောနည်းဖြင့် မရှာဖွေဘဲ အပ်စပ်သောနည်း၊ တရားသော နည်းဖြင့်သာလျှင် ရှာဖွေသုံးဆောင်မှုသည် "အာဇီဝပါရိသုဒ္ဓိသီလ" မည်၏၊ မှားယွင်းသော အသက်မွေးမှု မတရားအသက်မွေးမှုမှ ရှောင်ကြဉ်သဖြင့် အသက်မွေးဝမ်းကျောင်းမှု...