အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်

by | Jun 9, 2022 | | 0 comments

အနာဂါမိမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ဖြစ်သော ပုဂ္ဂိုလ်ကို “အနာဂါမိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်”ဟု ခေါ်သည်။ အနာဂါမိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် အနာဂါမိမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို ဆိုလိုသည်။

အဘိဓမ္မာ

ဝိနည်းပိဋက နှင့် သုတ္တန်ပိဋကတို့ထက် ထူးကဲသော တရား(အဘိ-ထူးကဲသော၊ဓမ္မ-တရား)

အပါယ် ၄ ဘုံ

၁။ ငရဲ၊ ၂။ တိရစ္ဆာန်၊ ၃။ ပြိတ္တာ၊ ၄။ အသုရကာယ်။(၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

အနုလုံ ၂

မဟာကုသိုလ်မဟာကြိယာဉာဏသမ္ပယုတ်ဇောစိတ် ၈ ပါးတွင် တစ်ပါးပါး။

အာဟာရဇကလာပ် ၂ စည်း

၁။သုဒ္ဓဋ္ဌကကလာပ်၊ ၂။လဟုတာဒေကာဒသကကလာပ်။ (အာဟာရဇရုပ် ၁၂ ပါးမှ အဝိနိဗ္ဘောဂရုပ် ၈ ပါးကို သုဒ္ဓဋ္ဌကကလာပ်ဟု ခေါ်သည်။ လဟုတာစသော ၃ ပါးနှင့် ပေါင်းစည်းသော် လဟုတာဒေကာဒသကကလာပ်ဟု...

အနညာတညဿာမီတိန္ဒြေ ၁

မသိဘူးသေးသော သစ္စာလေးပါး နိဗ္ဗာန်တရားကို သိအောင် ကျင့်အံ့ဟု အားထုတ်ခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။ (အနညာတံ- မသိအပ်ဘူးသော သစ္စာ ၄-ပါးကို+ဉဿာမီတိ- သိအံ့-ဟု ဖြစ်သော...