အဝိဇ္ဇာသံယောဇဉ် ၁

by | Jun 9, 2022 | အ | 0 comments

ဉာဏ်၏ဆန့်ကျင်ဘက်ဖြစ်သော မောဟသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် အဝိဇ္ဇာသံယောဇဉ် မည်၏။

အာဝဇ္ဇန်းဒွေး ၁

ဒွေးဟူသည် နှစ်(၂) ဟု အဓိပ္ပါယ်ရသည်။ ထို့ကြောင့် အာဝဇ္ဇန်းဒွေး ဟူသည် အာဝဇ္ဇန်း၂ ပါး-ဟု ဆိုလိုသည်။

အဇ္ဈတ္တသန္တာန်

သက်ရှိသတ္တဝါတို့၏ ရုပ်ခန္ဓာအစဉ်ကို "အဇ္ဈတ္တသန္တာန်"ဟု ခေါ်သည်။

အာဟာရေ ပဋိကူလသညာ

စားစရာ သောက်စရာဖြစ်သော အစာအာဟာရ၌ "စက်ဆုပ်ဖွယ်"ဟု ထင်မှတ်လာအောင် ရှုတတ်သော သညာကို "အာဟာရေ ပဋိကူလသညာကမ္မဋ္ဌာန်း"ဟု...

အာသဝ

စိမ်ရည် အရက်နှင့်တူသော တရား။ (အာသဝသဒ္ဒါ၏ ဟောရင်းအနက်မှာ စိမ်ရည်အရက်ပင် ဖြစ်သည်၊ ဤအရာ၌ ယင်း စိမ်ရည် အရက်နှင့်တူသောကြောင့် လောဘ, ဒိဋ္ဌိ, မောဟ-တို့ကို "အာသဝ"ဟု...

အတီတဘဝင်

လွန်ခဲ့ရာကာလ၌ ဖြစ်သော ဘဝင်စိတ်ကို "အတီတဘဝင်"ဟု ခေါ်သည်။ (ပါဠိ-အတီတဘဝင်္ဂ။အတီတ- အာရုံထင်လာရာ ကာလကို ထောက်၍ လွန်ခဲ့ပြီးသော+ဘဝင်္ဂ-...