သောတာပတ္တိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်၌ဖြစ်သော ပုဂ္ဂိုလ်ကို “သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်”ဟု ခေါ်သည်။ သောတာပတ္တိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် သောတာပတ္တိမဂ်ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို ဆိုလိုသည်။
သောဘနစိတ်အကျဉ်း ၅၉ ပါး၊
၁။ကာမာဝစရစိတ် ၅၄ ပါး၊ရူပါဝစရစိတ် ၁၅ ပါး၊အရူပါဝစရစိတ် ၁၂ ပါး၊လောကတ္တရာစိတ်အကျဉ်း ၈ပါး၊ပေါင်း ၅၉ ပါး။ (ကာမာဝစရစိတ် ၅၄ ပါး--စသည်ကို ဆိင်ရာ ခေါင်းစဉ်၌...