သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်

by | Jun 9, 2022 | သ | 0 comments

သောတာပတ္တိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်၌ဖြစ်သော ပုဂ္ဂိုလ်ကို “သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်”ဟု ခေါ်သည်။ သောတာပတ္တိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် သောတာပတ္တိမဂ်ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို ဆိုလိုသည်။

သတိ

အောက်မေ့ခြင်း မမေ့လျော့ခြင်းသဘော။

သဒ္ဒါယတန ၁

စိတ်, စေတသိက်တို့ ဖြစ်ခြင်း၏ အကြောင်းဖြစ်သော အသံ။

သလက္ခဏရုပ်

"အနိစ္စတာ, ဒုက္ခတာ, အနတ္တတာ" အစရှိသော အများဆိုင်ရာလက္ခဏာ ရှိသော ရုပ်များ။

သောတဝိညာဏ် ဒွေး ၂

၁။အကုသလဝိပါက် ဥပေက္ခာသဟဂုတ် သောတဝိညာဏ်၊ ၂။အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သောတဝိညာဏ်။