သောတဝိညာဏ်-ဟူသော ပုဒ်သည် သောတ+ဝိညာဏ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ သောတ= နားထဲ၌ (ဖြစ်ပေါ်လာသော)၊ ဝိညာဏ= စိတ်-ဟု အဓိပ္ပါယ်ရသည်။
သကဒါဂါမ်
ဤကာမဘုံ၌ တစ်ကြိမ်သာ ပဋိသန္ဓေ လာနေနိုင်သည်၊ သို့သော် ကာမဘုံချင်း ပြောင်းရွှေ့လာနေခြင်းသာ ဖြစ်သည်၊ ဗြဟ္မာ့ပြည်မှ လာနေသည် မဟုတ်ပါ။ ထိုသို့ ကာမဘုံ၌ တစ်ကြိမ်မျှသာ ပဋိသန္ဓေလာနေနိုင်သောကြောင့် "သကဒါဂါမ်"ဟူသော အမည်ကို ရရှိလေတော့သည်။ (သကိံ= တစ်ကြိမ် + အာဂါမီ= ပဋိသန္ဓေ လာနေသူ။)...
