စွဲစွဲလမ်းလမ်း ခိုင်မြဲစွာ အာရုံပြုတတ် ယူထားတတ်သော တရား။ (မြွေက ဖားကို ဖမ်းထားသကဲ့သို့ မစွန့်နိုင် မလွှတ်ရက်ဘဲ စွဲစွဲလမ်းလမ်း ခိုင်မြဲစွာ အာရုံပြုတတ် ယူထားတတ်သော တရားကို “ဥပါဒါန=ဥပါဒါန်”ဟု ခေါ်သည်။)
ဥပစာရဘာဝနာ
ရွာ၏ ဥပစာ အစရှိသည်တို့ကဲ့သို့ အပ္ပနာဘာဝနာ၏ အနီး၌ ဖြစ်လေ့ရှိသော ဘာဝနာသည် ဥပစာရဘာဝနာ မည်၏၊ နီဝရဏတို့ကို ခွာနိုင်ရာအခါမှ စ၍ ဂေါတြဘုအဆုံးရှိသော ကာမာဝစရဘာဝနာ...