သင်္ခါရတရားတို့ကို “အနိစ္စ, ဒုက္ခ, အနတ္တ”ဟု အဖန်ဖန်ရှုတတ်သော ဉာဏ်ကို “အနုပဿနာ” ဟု ခေါ်သည်၊ ဝိပဿနာဉာဏ်ပင် ဖြစ်သည်။ဝိပဿနာကိုလည်း ကြည့်။
အဗျာကတဟိတ် ၃ ပါး
အလောဘ၊ အဒေါသ၊ အမောဟ။(အလောဘ-စသည်ကိုလည်း ရှု။)
သင်္ခါရတရားတို့ကို “အနိစ္စ, ဒုက္ခ, အနတ္တ”ဟု အဖန်ဖန်ရှုတတ်သော ဉာဏ်ကို “အနုပဿနာ” ဟု ခေါ်သည်၊ ဝိပဿနာဉာဏ်ပင် ဖြစ်သည်။ဝိပဿနာကိုလည်း ကြည့်။
အလောဘ၊ အဒေါသ၊ အမောဟ။(အလောဘ-စသည်ကိုလည်း ရှု။)
ပသာဒရုပ် ၅-ပါးပင် ဖြစ်သည်။
အနာဂါမိမဂ်နှင့် ယှဉ်တွဲ ဖြစ်သော စိတ်ကို အနာဂါမိမဂ်စိတ်-ဟု ခေါ်သည်။
ရူပါဝစရဈာန် ငါးပါးကို ရပြီးသော ယောဂီပုဂ္ဂိုလ်သည် "ရုပ်ဟူသော အကြောင်းကြောင့် (သူတပါးကို နှိပ်စက်ရန်) ဒုတ်ကို စွဲကိုင်ခြင်း၊ (ဓား လှံ စသော) လက်နက်ကို စွဲကိုင်ခြင်း၊ ရန်ဖြစ်ခြင်း၊ အယူအဆ အထင်အမြင် ကွဲပြားခြင်း၊ ငြင်းခုံခြင်းများ ဖြစ်ကြရသည်၊ ဤ အလုံးစုံသည် ရုပ်မရှိသည့်...
အကုသိုလ်စိတ် ၁၂-ပါး၌ ယှဉ်သော မောဟစေတသိက်။
အရူပဈာန်နှင့် ထိုဈာန်၏ အကျိုးဝိပါက်၌ နှစ်သက်မှု တဏှာကို "အရူပရာဂ"ဟု ခေါ်သည်၊ ထို နှစ်သက်မှုတဏှာသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် အရူပရာဂသံယောဇဉ်...