အညိန္ဒြေ ၁

by | Jun 9, 2022 | | 0 comments

သောတာပတ္တိမဂ် သိအပ်သော အပိုင်းအခြားကို မလွန်မူ၍ သစ္စာ ၄-ပါးကို သိခြင်းကိစ္စ၌ လွှမ်းမိုးထားသော သဘောတရား။ (အညာ- သောတာပတ္တိမဂ်သိအပ်သော အပိုင်းအခြားကို မလွန်မူ၍ သစ္စာ ၄-ပါးကို သိသော, သိပြီးဖြစ်သော အရိယာပုဂ္ဂိုလ်၏+ဣန္ဒြိယံ-ဣန္ဒြေ)။

အနာဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်

အနာဂါမိမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ဖြစ်သော ပုဂ္ဂိုလ်ကို "အနာဂါမိမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်"ဟု ခေါ်သည်။ အနာဂါမိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် အနာဂါမိမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို...

အနာဂတံသအဘိညာဉ်

နောင်အနာဂတ်၌ ဖြစ်မည့် အကြောင်းအရာများကို သိမြင်နိုင်သော အဘိညာဉ်။

အဟိတ်ကုသလဝိပါက်စိတ် ၈ ပါး

၁။ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ်၊ ၂။ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ်၊ ၃။ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ်၊ ၄။ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ်၊ ၅။သုခသဟဂုတ် ကာယဝိညာဏ်စိတ်၊ ၆။ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ်၊ ၇။ဥပေက္ခာသဟဂုတ် သန္တိရဏစိတ်၊ (၈။သောမနဿသဟဂုတ်...

အာသဝ

စိမ်ရည် အရက်နှင့်တူသော တရား။ (အာသဝသဒ္ဒါ၏ ဟောရင်းအနက်မှာ စိမ်ရည်အရက်ပင် ဖြစ်သည်၊ ဤအရာ၌ ယင်း စိမ်ရည် အရက်နှင့်တူသောကြောင့် လောဘ, ဒိဋ္ဌိ, မောဟ-တို့ကို "အာသဝ"ဟု...