သုခသဟဂုတ်

by | Jun 9, 2022 | သ | 0 comments

သုခသဟဂုတ်-ဟူသော ပုဒ်သည် သုခ+သဟ+ဂတ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ သုခ= သုခဝေဒနာနှင့်၊ ဝါ- ချမ်းသာခြင်းနှင့်၊ သဟ= အတူတကွ၊ ဂတ= ဖြစ်သော-ဟု အဓိပ္ပါယ် ရသည်။

သောတဝိညာဏဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော ကြားသိစိတ်။

သောက ၁

ဝမ်းနည်းခြင်း၊ စိုးရိမ်ခြင်း၊ စိတ်ပူပန်ခြင်းသည် "သောက" မည်၏။

သင်္ခါရုပေက္ခာဉာဏ်

ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၌ ကြောက်ခြင်း နှစ်သက်ခြင်းကို လျစ်လျူရှုခြင်း၊ မဖြစ်စေခြင်းအားဖြင့် ဖြစ်သော...

သမ္မာသတိ ၁

မှန်စွာ အောက်မေ့မှု သတိစေတသိက်သည် "သမ္မာသတိမဂ္ဂင်" မည်၏။

သကဒါဂါမိမဂ်

သကဒါဂါမိမဂ်-ဟူသော ဝေါဟာရသည် သကိံ+အာဂါမီ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ သကိံ= တစ်ကြိမ်တည်းသာ၊ အာဂါမီ= (ကာမဘုံသို့) ပြန်လာကြောင်း ဖြစ်သော၊ မဂ္ဂ= မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ဤကာမဘုံသို့ တစ်ကြိမ်တည်းသာ ပြန်လာရတော့သည်၊ ဒုတိယအကြိမ်မှ စ၍...