“နွား, ခွေး-စသည်တို့၏ အကျင့်ကို မှားယွင်းစွာ သုံးသပ်စွဲလမ်းတတ်သော သီလဗ္ဗတပရာမာသဒိဋ္ဌိသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် သီလဗ္ဗတပရာမာသသံယောဇဉ် မည်၏။
သမ္ပဋိစ္ဆိုင်း စိတ်
သမ္ပဋိစ္ဆိုင်းစိတ်-ဟူသော ပုဒ်သည် သမ္ပဋိစ္ဆန+စိတ္တဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ သမ္ပဋိစ္ဆန= (အာရုံကို) လက်ခံတတ်သော၊ စိတ္တ= စိတ်-ဟု...
