မရဏ ၄ မျိုး

by | Jun 9, 2022 | မ | 0 comments

၁။အာယုက္ခယမရဏ၊ ၂။ကမ္မက္ခယမရဏ၊ ၃။ဥဘယက္ခယမရဏ၊ ၄။ဥပစ္ဆေဒကမရဏ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

မိစ္ဆာဒိဋ္ဌိ ၁

မှားယွင်းဖောက်ပြန် မဟုတ်မမှန် ရှုမြင်တတ်သော သဘောတရားသည် "မိစ္ဆာဒိဋ္ဌိ" မည်၏။

မဂ္ဂပစ္စယော

ဦးတည်ရာ ပန်းတိုင်သို့ ရောက်အောင် ရုန်းကန်ခြင်းအားဖြင့် ကျေးဇူး ပြုတတ်သော တရား။ ကောင်းကောင်းဆိုးဆိုး ဘဝအမျိုးမျိုးမှ ထွက်မြောက်စေခြင်းအားဖြင့်ကျေးဇူးပြုတတ်သော...

မိစ္ဆာသမာဓိ ၂

ဝိစိကိစ္ဆာသဟဂုတ်မှ တပါး အကုသိုလ်စိတ် ၁၀-ပါး၌ရှိသော "ဧကဂ္ဂတာ စေတသိက်"။

မနောဒွါရာဝဇ္ဇန်း

မနောဒွါရာဝဇ္ဇန်း-ဟူသော ပုဒ်သည် မန+ဒွါရ+အာဝဇ္ဇန-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ မန= ဘဝင်စိတ်ဟူသော၊ ဒွါရ= တံခါး၌ (ဖြစ်သော)၊ အာဝဇ္ဇန= (အာရုံကို) ဆင်ခြင်တတ်သော-ဟု အဓိပ္ပါယ်ရသည်။ ဘဝင်စိတ်ဟူသော ဒွါရ (တံခါး)၌ (ဖြစ်သော) (အာရုံကို) ဆင်ခြင်တတ်သော စိတ်-ဟု...

မဟဂ္ဂုတ်စိတ်

မဟဂ္ဂုတ်စိတ်-ဟူသော သဒ္ဒါသည် မဟာ+ဂတ+စိတ္တ-ဟူသော သဒ္ဒါတို့မှ ဆင်းသက်လာသော သဒ္ဒါ ဖြစ်သည်။ မဟာ= မြင့်မြတ်သည်၏ အဖြစ်သို့၊ ဂတ= ရောက်သော၊စိတ္တ- စိတ်၊ တစ်နည်း- မဟာ= မြင့်မြတ်သူ တို့သည်၊ ဂတ= ရအပ်သော စိတ္တ- စိတ်-ဟု...

မာန

ငါ ငါဟု ထောင်လွှားတက်ကြွခြင်းသဘော။