မနောဒွါရာဝဇ္ဇန်း

by | Jun 9, 2022 | မ | 0 comments

မနောဒွါရာဝဇ္ဇန်း-ဟူသော ပုဒ်သည် မန+ဒွါရ+အာဝဇ္ဇန-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ မန= ဘဝင်စိတ်ဟူသော၊ ဒွါရ= တံခါး၌ (ဖြစ်သော)၊ အာဝဇ္ဇန= (အာရုံကို) ဆင်ခြင်တတ်သော-ဟု အဓိပ္ပါယ်ရသည်။ ဘဝင်စိတ်ဟူသော ဒွါရ (တံခါး)၌ (ဖြစ်သော) (အာရုံကို) ဆင်ခြင်တတ်သော စိတ်-ဟု ဆိုလိုသည်။

မဟာဘုတ်

မဟာဘူတ-ကြီးကျယ်ထင်ရှားသော ရုပ်များကို "မဟာဘုတ်"ဟု ခေါ်သည်၊ မှန်၏၊ ထိုမဟာဘုတ်မည်သော ရုပ်များသည် အခြားရုပ်များထက် အထည်ကိုယ်ဒြပ်အားဖြင့်လည်း ကြီးကျယ်သည်၊ သဘောလက္ခဏာအားဖြင့်လည်း ထင်ရှားသည်၊ ထို့ကြောင့် "မဟာဘုတ်" ဟူသော အမည်ကို ရကြသည်။ (မဟာ- ကြီးကျယ်သည်ဖြစ်၍ +ဘူတ-...

မရဏ ၄ မျိုး

၁။အာယုက္ခယမရဏ၊ ၂။ကမ္မက္ခယမရဏ၊ ၃။ဥဘယက္ခယမရဏ၊ ၄။ဥပစ္ဆေဒကမရဏ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

မောစတုက် ၄ ပါး

၁။ မောဟ၊ ၂။ အဟိရိက၊ ၃။ အနောတ္တပ္ပ၊ ၄။ ဥဒ္ဓစ္စ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

မဟာဗြဟ္မာ

ဗြဟ္မပါရိသဇ္ဇာ ဗြဟ္မပုရောဟိတာဗြဟ္မာတို့ထက် သာလွန်မြင့်မြတ်သော ဗြဟ္မာသည် မဟာဗြဟ္မာမည်၏။

မုစ္စိတုကမျတာဉာဏ်

ငြီးငွေ့သဖြင့် ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့မှ ထွက်မြောက်လိုသော ဉာဏ်။