မနောသဉ္စေတနာဟာရ ၁

by | Jun 9, 2022 | | 0 comments

ဘဝသုံးပါး၌ ပဋိသန္ဓေအကျိုးကို ဖြစ်စေတတ်သောကြောင့် ကုသိုလ် အကုသိုလ်ကံ-ဟု ဆိုအပ်သော စေတနာစေတသိက်သည် မနောသဉ္စေတနာဟာရ မည်၏။(ကမ္မပစ္စယာ ဘဝေါ)။

မာနာနုသယ ၁

မာနသည်ပင် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်းပါဝင်နေသောကြောင့် မာနာနုသယ မည်၏။

မဂ္ဂသစ္စာ ၂

မဂ်စိတ် ၄-ခု၌ရှိသော သမ္မာဒိဋ္ဌိ, သမ္မာသင်္ကပ္ပ, သမ္မာဝါစာ, သမ္မာကမ္မန္တ, သမ္မာအာဇီဝ, သမ္မာဝါယာမ, သမ္မာသတိ, သမ္မာသမာဓိ, ဟုဆိုအပ်သော မဂ္ဂင်တရားကိုယ် (အရင်းခံ သဘောတရား)...

မဂ်စိတ်အကျယ် ၂၀

ပထမဈာန် သောတာပတ္တိ မဂ်စိတ် ၁ ပါး၊ ဒုတိယဈာန် သောတာပတ္တိ မဂ်စိတ် ၁ ပါး၊ တတိယဈာန် သောတာပတ္တိ မဂ်စိတ် ၁ ပါး၊ စတုတ္ထဈာန် သောတာပတ္တိ မဂ်စိတ် ၁ ပါး၊ ပဉ္စမဈာန် သောတာပတ္တိ မဂ်စိတ် ၁ ပါး၊ ပထမဈာန် သကဒါဂါမိ မဂ်စိတ် ၁ ပါး၊ ဒုတိယဈာန် သကဒါဂါမိ မဂ်စိတ် ၁ ပါး၊ တတိယဈာန် သကဒါဂါမိ...

မေတ္တာ ၁

သတ္တဝါများ၏ ကောင်းကျိုးစီးပွားကို လိုလားခြင်း, ချစ်ခင်မြတ်နိုင်ခြင်း သဘောတရားသည် "မေတ္တာ" မည်၏။