မဂ္ဂင်

by | Jun 9, 2022 | မ | 0 comments

မဂ္ဂင်-ဟူသည် မဂ္ဂ+အင်္ဂမှ ဆင်းသက်လာသော စကား ဖြစ်သည်၊ မဂ္ဂ-မဂ် ဝါ-လမ်းကြောင်း၏၊ အင်္ဂ- အင်္ဂါ အစိတ်အပိုင်း-ဟု ဆိုလိုသည်၊ မဂ္ဂမည်သော တရားအပေါင်း၏ တစ်ခုစီတစ်ခုစီသော အစိတ်အင်္ဂါများကို “မဂ္ဂင်”ဟု ခေါ်သည်။ မိစ္ဆာဒိဋ္ဌိ စသော လေးပါးတို့သည် ဒုဂ္ဂတိဘဝသို့ ရောက်စေတတ်သော မဂ်၏ အစိတ်အင်္ဂါများဖြစ်သဖြင့် မဂ္ဂင်အမည်ကို ရကြသည်။

မနောဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော သိစိတ်။

မေတ္တာ ၂

မေတ္တာ၏ တရားကိုယ် (အရင်းခံ သဘောတရား)မှာ အဒေါသ စေတသိက်ပင် ဖြစ်သည်၊ သို့သော် "ဘုရားဖူး, တရားနာ"စသော အခါမျိုး၌ ယှဉ်တွဲပါလာသော အဒေါသစေတသိက်ကား "မေတ္တာ"မဟုတ်ပါ၊ သို့ဖြစ်၍ "အဒေါသစေတသိက်ကို မေတ္တာ"ဟု ဆိုသော်လည်း အဒေါသစေတသိက်တိုင်း "မေတ္တာ" မည်သည်ကား...

မဂ်၁

လမ်းကြောင်း၊(သုဂတိလမ်းကြောင်း၊ဒုဂ္ဂတိလမ်းကြောင်း။သုဂတိဘုံဘဝ, ဒုဂ္ဂတိဘုံဘဝသို့ သွားရောက် ခိုလှုံဖို့ရာ လမ်းကြောင်းဖြစ်သော တရားအပေါင်းကို "မဂ်"ဟု...