ဘုမ္မစိုးနတ်

by | Jun 9, 2022 | | 0 comments

မြေကြီးနှင့် စပ်သော သစ်ပင် တော တောင်ကို စောင့်သော နတ်များ, ကိုယ်စောင့်နတ်များ, အိမ်စောင့်နတ်များ စသည်တို့ကို “ဘုမ္မစိုးနတ်”ဟု ခေါ်သည်၊ အတော်အတန် တန်ခိုးရှိကြသည်။

ဘဝင်္ဂစလန

ဘဝင်စိတ်သည် "ကံ, ကမ္မနိမိတ်, ဂတိနိမိတ်" ၃-ပါးတို့တွင် တစ်ပါးပါးကို အာရုံပြုနေစဉ် ထင်လာသော အာရုံသစ်ကြောင့် ယူနေဆဲအာရုံကို စွဲမြဲစွာလည်း မယူနိုင်၊ လွှတ်လည်း မလွှတ်နိုင်ဘဲ ပင်ကိုသဘောမှ ဖောက်ပြား၍ ၂-ကြိမ်တိုင် လှုပ်ချောက်ချားမှုကိုပင် "ဘဝင်္ဂစလန- ဘဝင်လှုပ်သည်"ဟု...

ဘဝါသဝ ၁

ရူပဈာန်, အရူပဈာန်နှင့် "ထိုဈာန်၏ အကျိုးဝိပါက်"ဟူသော ဘဝ၌ နှစ်သက်မှု တဏှာသည် ယစ်မူးစေတတ်သော စိမ်ရည် အရက်နှင့်တူသောကြောင့် "ဘဝါသဝ"...

ဘဝယောဂ ၁

ရူပဈာန်, အရူပဈာန်နှင့် "ထိုဈာန်၏ အကျိုးဝိပါက်"ဟူသော ဘဝ၌ နှစ်သက်မှု တဏှာသည် သတ္တဝါတို့ကို ဝဋ်ဆင်းရဲ၌ ခိုင်မြဲစွာ စပ်ဟပ်ပေးတတ်သောကြောင့် ဘဝယောဂ...

ဘာဝနာ

သမထမည်သော သမာဓိတရား၊ ဝိပဿနာမည်သော ပညာတရားသည် ပွားများထိုက်သောကြောင့် ဘာဝနာ မည်၏။ မှန်၏၊ ဘာဝနာသည် လွန်စွာ အကျိုးများလှ၍ မိမိသန္တာန်၌ ဖြစ်ပေါ်လာအောင် တစ်ကြိမ်ဖြစ်ပြီးနောက် အထပ်ထပ်တိုးပွားအောင်...

ဘုံ

သတ္တဝါတို့ ဖြစ်ပေါ်ရာ အရပ်ဌာန။

ဘင်္ဂဉာဏ်

ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၏ ပျက်ခြင်းကိုသာ အဖန်ဖန်ရှုသောအားဖြင့် သိမြင်သော ဉာဏ်။