ဘဝေါဃ ၁

by | Jun 9, 2022 | | 0 comments

ရူပဈာန်, အရူပဈာန်နှင့် “ထိုဈာန်၏ အကျိုးဝိပါက်”ဟူသော ဘဝ၌ နှစ်သက်မှု တဏှာသည် မိမိကိန်းရာ သတ္တဝါကို သံသရာဝဋ်ဒုက္ခ၌ လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သောကြောင့် ဘဝေါဃမည်၏။

ဘယဉာဏ်

ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့ကို အလွန်ကြောက်ဘွယ်ဘေးကြီးဟု အဖန်ဖန်ရှုသောအားဖြင့် သိမြင်သော...

ဘဝင်္ဂစလန

ဘဝင်စိတ်သည် "ကံ, ကမ္မနိမိတ်, ဂတိနိမိတ်" ၃-ပါးတို့တွင် တစ်ပါးပါးကို အာရုံပြုနေစဉ် ထင်လာသော အာရုံသစ်ကြောင့် ယူနေဆဲအာရုံကို စွဲမြဲစွာလည်း မယူနိုင်၊ လွှတ်လည်း မလွှတ်နိုင်ဘဲ ပင်ကိုသဘောမှ ဖောက်ပြား၍ ၂-ကြိမ်တိုင် လှုပ်ချောက်ချားမှုကိုပင် "ဘဝင်္ဂစလန- ဘဝင်လှုပ်သည်"ဟု...

ဘဝရာဂါနုသယ ၁

ရူပရာဂ အရူပရာဂသည်ပင် သတ္တဝါတို့၏ သန္တာန်၌ အစဉ်တစိုက် ကိန်းအောင်း ပါဝင်နေသောကြောင့် ဘဝရာဂါနုသယ...

ဘာဝနာ ၃ ပါး

၁။ ပရိကမ္မဘာဝနာ၊ ၂။ ဥပစာရဘာဝနာ၊ ၃။ အပ္ပနာဘာဝနာ။

ဘုံ

သတ္တဝါတို့ ဖြစ်ပေါ်ရာ အရပ်ဌာန။

ဘဝင်ကိစ္စ

ဘဝမပြတ်အောင် ဆောင်ရွက်ခြင်းအလုပ်သည်၊ တစ်နည်း ယခုဘဝ၌ ဖြစ်နေသော ခန္ဓာအစဉ်ကို သက်ဆုံးတိုင် မပြတ်မလပ်ရအောင် ဖြစ်စေခြင်း၏အကြောင်းသည် ဘဝင်ကိစ္စ...