ဘဝင်္ဂစလန

by | Jun 9, 2022 | | 0 comments

ဘဝင်စိတ်သည် “ကံ, ကမ္မနိမိတ်, ဂတိနိမိတ်” ၃-ပါးတို့တွင် တစ်ပါးပါးကို အာရုံပြုနေစဉ် ထင်လာသော အာရုံသစ်ကြောင့် ယူနေဆဲအာရုံကို စွဲမြဲစွာလည်း မယူနိုင်၊ လွှတ်လည်း မလွှတ်နိုင်ဘဲ ပင်ကိုသဘောမှ ဖောက်ပြား၍ ၂-ကြိမ်တိုင် လှုပ်ချောက်ချားမှုကိုပင် “ဘဝင်္ဂစလန- ဘဝင်လှုပ်သည်”ဟု ခေါ်သည်။

ဘုံ

သတ္တဝါတို့ ဖြစ်ပေါ်ရာ အရပ်ဌာန။

ဘုံ ၃၁

အပါယ် ၄ ဘုံ၊ ကာမသုဂတိ ၇ ဘုံ၊ ရူပါဝစရ ၁၆ ဘုံ၊ အရူပါဝစရ ၄ ဘုံ၊ပေါင်း ၃၁ ဘုံ။(ထိုဘုံများကို ဆိုင်ရာ ခေါင်းစဉ်၌...

ဘုမ္မစိုးနတ်

မြေကြီးနှင့် စပ်သော သစ်ပင် တော တောင်ကို စောင့်သော နတ်များ, ကိုယ်စောင့်နတ်များ, အိမ်စောင့်နတ်များ စသည်တို့ကို "ဘုမ္မစိုးနတ်"ဟု ခေါ်သည်၊ အတော်အတန်...

ဘင်္ဂဉာဏ်

ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၏ ပျက်ခြင်းကိုသာ အဖန်ဖန်ရှုသောအားဖြင့် သိမြင်သော ဉာဏ်။