ဖဿ ၁

by | Jun 9, 2022 | ဖ | 0 comments

စက္ခု-စသော အာယတနခြောက်ပါးကြောင့် စက္ခုဝိညာဉ်-စသည့်ခြောက်ပါး၌ ဖြစ်ပေါ်သော အာရုံကို တွေ့ထိခြင်းသဘော၊ အာရုံကို တွေ့ထိမှု။ ကျမ်းစာတို့၌ စက္ခုသမ္ဖဿ၊ သောတသမ္ဖဿ -စသည်ဖြင့် ခေါ်ဝေါ်ကြသည်။

ဖဿာဟာရ ၁

ဝေဒနာသုံးပါးကို ဖြစ်စေတတ်သောကြောင့် စိတ်တစ်ခုယုတ်ကိုးဆယ်၌ရှိသော ဖဿ စေတသိက်သည် ဖဿာဟာရ မည်၏။ (ဖဿပစ္စယာ...

ဖိုလ်စိတ်အကျဉ်း ၄ ပါး

၁။ သောတာပတ္တိဖိုလ်စိတ်၊ ၂။ သကဒါဂါမိဖိုလ်စိတ်၊ ၃။ အနာဂါမိဖိုလ်စိတ်၊ ၄။ အရဟတ္တဖိုလ်စိတ်။

ဖရုသဝါစာ

ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊ ဆဲရေးတိုင်းထွာခြင်း။