ဖိုလ်စိတ်အကျယ် ၂၀

by | Jun 9, 2022 | | 0 comments

ပထမဈာန် သောတာပတ္တိ ဖိုလ်စိတ် ၁ ပါး၊ ဒုတိယဈာန် သောတာပတ္တိ ဖိုလ်စိတ် ၁ ပါး၊ တတိယဈာန် သောတာပတ္တိ ဖိုလ်စိတ် ၁ ပါး၊ စတုတ္ထဈာန် သောတာပတ္တိ ဖိုလ်စိတ် ၁ ပါး၊ ပဉ္စမဈာန် သောတာပတ္တိ ဖိုလ်စိတ် ၁ ပါး၊ ပထမဈာန် သကဒါဂါမိ ဖိုလ်စိတ် ၁ ပါး၊ ဒုတိယဈာန် သကဒါဂါမိ ဖိုလ်စိတ် ၁ ပါး၊ တတိယဈာန် သကဒါဂါမိ ဖိုလ်စိတ် ၁ ပါး၊ စတုတ္ထဈာန် သကဒါဂါမိ ဖိုလ်စိတ် ၁ ပါး၊ ပဉ္စမဈာန် သကဒါဂါမိ ဖိုလ်စိတ် ၁ ပါး၊ ပထမဈာန် အနာဂါမိ ဖိုလ်စိတ် ၁ ပါး၊ ဒုတိယဈာန် အနာဂါမိ ဖိုလ်စိတ် ၁ ပါး၊ တတိယဈာန် အနာဂါမိ ဖိုလ်စိတ် ၁ ပါး၊ စတုတ္ထဈာန် အနာဂါမိ ဖိုလ်စိတ် ၁ ပါး၊ ပဉ္စမဈာန် အနာဂါမိ ဖိုလ်စိတ် ၁ ပါး၊ ပထမဈာန် အရဟတ္တ ဖိုလ်စိတ် ၁ ပါး၊ ဒုတိယဈာန် အရဟတ္တ ဖိုလ်စိတ် ၁ ပါး၊ တတိယဈာန် အရဟတ္တ ဖိုလ်စိတ် ၁ ပါး၊ စတုတ္ထဈာန် အရဟတ္တ ဖိုလ်စိတ် ၁ ပါး၊ ပဉ္စမဈာန် အရဟတ္တ ဖိုလ်စိတ် ၁ ပါး၊ပေါင်း ၂၀။

ဖောဋ္ဌဗ္ဗဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော တွေ့ထိဆွယ်။

ဖရုသဝါစာ

ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊ ဆဲရေးတိုင်းထွာခြင်း။

ဖဿ ၂

စက္ခုဝိညာဉ် စသော ခြောက်ပါး၌ ယှဉ်သော ဖဿစေတသိက် ၆ ပါး။

ဖဿာဟာရ ၁

ဝေဒနာသုံးပါးကို ဖြစ်စေတတ်သောကြောင့် စိတ်တစ်ခုယုတ်ကိုးဆယ်၌ရှိသော ဖဿ စေတသိက်သည် ဖဿာဟာရ မည်၏။ (ဖဿပစ္စယာ...