ဖဿာဟာရ ၁

by | Jun 9, 2022 | | 0 comments

ဝေဒနာသုံးပါးကို ဖြစ်စေတတ်သောကြောင့် စိတ်တစ်ခုယုတ်ကိုးဆယ်၌ရှိသော ဖဿ စေတသိက်သည် ဖဿာဟာရ မည်၏။ (ဖဿပစ္စယာ ဝေဒနာ)။

ဖဿ

အာရုံကို တွေ့ထိခြင်းသဘော။

ဖောဋ္ဌဗ္ဗဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော တွေ့ထိဆွယ်။

ဖရုသဝါစာ

ကြမ်းတမ်းသော စကားကို ပြောဆိုခြင်း၊ ဆဲရေးတိုင်းထွာခြင်း။

ဖဿ ၂

စက္ခုဝိညာဉ် စသော ခြောက်ပါး၌ ယှဉ်သော ဖဿစေတသိက် ၆ ပါး။