ပါတိမောက္ခသံဝရသီလ

by | Jun 9, 2022 | | 0 comments

ဝိနည်းပိဋကတ်၌ ပညတ်ထားသမျှသော သိက္ခာပုဒ်သီလဟူသမျှကို စောင့်ရှောက် ထိန်းသိမ်း ခြင်းသည် “ပါတိမောက္ခသံဝရသီလ” မည်၏။

ပဿဒ္ဓိသမ္ဗောဇ္ဈင် ၂

မဟာကုသိုလ်, မဟာကြိယာ, အပ္ပနာဇောတို့၌ရှိသော ကာယပ္ပဿဒ္ဓိ, စိတ္တပ္ပဿဒ္ဓိစေတသိက်။

ပဝတ္တိအခါ

ပဋိသန္ဓေနှင့် စုတိတို့၏ ကြားကာလကို ပဝတ္တိအခါ-ဟု ခေါ်သည်။ အဘိဓမ္မာအလိုအားဖြင့် ပဋိသန္ဓေစိတ် (စေတသိက်, ကမ္မဇရုပ်)တို့၏ ဥပါဒ်(ဖြစ်ဆဲ)ခဏကိုသာ "ပဋိသန္ဓေ"ဟု ခေါ်သည်၊ ပဋိသန္ဓေစိတ် (စေတသိက်, ကမ္မဇရုပ်)များ ဥပါဒ်ပြီး(ဖြစ်ပြီး)သည့်နောက် ဌီခဏမှ စ၍ ထိုဘဝ၏ စုတိစိတ်၏...

ပဋ္ဌာန်း

အကြောင်းအမျိုးမျိုးက အကျိုးအမျိုးမျိုးအား အစွမ်းသတ္တိအမျိုးမျိုးဖြင့် ကျေးဇူးပြုနေကြပုံကို ပြသော တရား။ (ပဋ္ဌာန်း-ဟူသော အမည်သည် ပဋ္ဌာန-ဟူသော ပါဠိမှ ဆင်းသက်လာသော အမည် ဖြစ်သည်။ ပဋ္ဌာန-ဟူသော ပါဠိသည် အကြောင်းအမျိုးမျိုးကို ဖော်ပြသော ကျမ်းကို ဟော၏။ သို့သော် ပဋ္ဌာန်း...

ပဋ္ဌာန်းနည်း

အကြောင်းတရားအကျိုးတရား၊ပစ္စယသတ္တိ" ၃-မျိုးကို စုံလင်စွာ ပြသောနည်းသည် "ပဋ္ဌာန်းနည်း" မည်၏။