ပဋိသန္ဓေ

by | Jun 9, 2022 | ပ | 0 comments

ဘဝဟောင်းနှင့် ဘဝသစ်ကို ဆက်စပ်သောအားဖြင့် ဘဝဟောင်းအပြတ်တွင် ဘဝသစ်၌ စိတ်, စေတသိက်, ကမ္မဇရုပ်တို့၏ အစဆုံးဖြစ်ခြင်းကိုပင် ‘ပဋိသန္ဓေ’ဟု ခေါ်သည်။

ပဋိစ္စသမုပ္ပါဒ်

အကြောင်းအဆက်ဆက်ကြောင့် အကျိုးအဆက်ဆက် ဖြစ်ပုံကို ပြသော တရား။(ပဋိစ္စသမုပ္ပါဒ်-ဟူသော ပုဒ်သည် ပဋိစ္စသမုပ္ပါဒဟူသော ပုဒ်မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ဆိုင်ရာအကြောင်းတို့ ပေါင်းဆုံညီညွတ်မှုကို စွဲ၍ အကျိုးတရားတို့ကို ဖြစ်စေတတ်သော အကြောင်းအပေါင်းကို ဟော၏၊ သို့သော်...

ပဉ္စာနန္တရိယကံ ၅ ပါး

၁။ မာတုဃာတက ကံ၊၂။ ပိတုဃာတက ကံ၊ ၃။ အရဟန္တဃာတက ကံ၊၄။ လောဟိတုပ္ပာဒက ကံ၊၅။ သံဃဘေဒက ကံ။

ပကတူပနိဿယော

အခြားပစ္စည်းနှင့် မရော၊ မိမိသဘောအားဖြင့်ပင် အားကြီးလွန်ကဲသော အကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော...

ပရိကမ္မဘာဝနာ

ဈာန်-ဟူသော အပ္ပနာကို ပြုစီမံပေးတတ်သော ဘာဝနာ ၊တစ်နည်း-အပ္ပနာဘာဝနာ၏ အစအလုပ်ဖြစ်သော (အပ္ပနာဘာဝနာ၏) ရှေ့ပိုင်း၌ ဖြစ်သော ဘာဝနာ။ ဘာဝနာစီးဖြန်းသည်မှ စ၍ နီဝရဏမငြိမ်းမီအတွင်း ပွားများအားထုတ်အပ်သမျှ ကာမာဝစရကုသိုလ်ကြိယာဘာဝနာသည် ပရိကမ္မဘာဝနာ ဖြစ်သည်။ (၎င်းတို့၏ အဓိပ္ပါယ်ကို...

ပဋ္ဌာန်းနည်း

အကြောင်းတရားအကျိုးတရား၊ပစ္စယသတ္တိ" ၃-မျိုးကို စုံလင်စွာ ပြသောနည်းသည် "ပဋ္ဌာန်းနည်း" မည်၏။

ပရမတ္ထတရား

မိမိတို့၏ ပင်ကိုသဘောမှ ဖောက်ပြန် ပြောင်းလွှဲခြင်း မရှိသော၊ မှန်ကန်လျက် တကယ်ရှိသော အရှိတရား။ (တစ်နည်း) မြတ်သော သဗ္ဗညုတဉာဏ်၏ အာရုံပြုရာ၊ ကျက်စားရာဖြစ်သော တရား ။(ပရမတ္ထကို ပရမ+အတ္ထ-ဟု ပုဒ်ခွဲ၊ပရမ-မြတ်သော၊ အချုပ်ပဓာနဖြစ်သော၊ သဘောတရား။တစ်နည်း=ပရမ-မြတ်သော...