ပဉ္စဒွါရာဝဇ္ဇန်း

by | Jun 9, 2022 | ပ | 0 comments

ပဉ္စဒွါရာဝဇ္ဇန်း-ဟူသော ပုဒ်သည် ပဉ္စ+ဒွါရ+အာဝဇ္ဇန-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ ပဉ္စ= ငါးခုသော၊ ဒွါရ= တံခါး၌ (ဖြစ်သော)၊ အာဝဇ္ဇန= (အာရုံကို) ဆင်ခြင်တတ်သော-ဟု အဓိပ္ပါယ်ရသည်။ မျက်စိ, နား, နှာ, လျှာ, ကိုယ်-ဟူသော ဒွါရ (တံခါး) ငါးခု၌ ဖြစ်ပေါ်လာသော (အာရုံကို) ဆင်ခြင်တတ်၊ နှလုံးသွင်းတတ်သော စိတ်-ဟု ဆိုလိုသည်။

ပုညကြိယဝတ္ထု

ကောင်းသော အကျိုး၏ တည်ရာဖြစ်၍ ပြုသင့်ပြုထိုက်သော ကောင်းမှုကုသိုလ်မျိုးကို "ပုညကြိယဝတ္ထု"ဟု ခေါ်သည်၊...

ပဋိသန္ဓေ ၄ မျိုး

၁။ အပါယ်ပဋိသန္ဓေ၊ ၂။ ကာမသုဂတိပဋိသန္ဓေ၊ ၃။ ရူပါဝစရပဋိသန္ဓေ၊ ၄။ အရူပါဝစရပဋိသန္ဓေ။

ပရမတ္ထတရား ၄ ပါး

၁။ စိတ်၊ ၂။ စေတသိက်၊ ၃။ ရုပ်၊ ၄။ နိဗ္ဗာန်။ ၎င်းတို့၏ အဓပ္ပါယ်ကို ဆိင်ရာ ခေါင်းစဉ်၌ ရှုပါ။

ပကတူပနိဿယော

အခြားပစ္စည်းနှင့် မရော၊ မိမိသဘောအားဖြင့်ပင် အားကြီးလွန်ကဲသော အကြောင်းအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော...

ပညိန္ဒြေ

သိမှုကိစ္စကို လွှမ်းမိုး အုပ်စိုးနိုင်သော သဘော။