စက္ခုဝိညာဏ်-စသော ငါးပါးကို ပဉ္စဝိညာဏဓာတ်ဟု ခေါ်သည်။ (ပဉ္စ= ငါးပါး၊ ဝိညာဏ= စက္ခုစသော ဝိညာဏ်စိတ်၊ ဓာတ်= ဓာတု= သတ္တလည်းမဟုတ် အသက်ဇီဝလည်း မဟုတ်သော သဘော)။
ပရမတ္ထတရား
မိမိတို့၏ ပင်ကိုသဘောမှ ဖောက်ပြန် ပြောင်းလွှဲခြင်း မရှိသော၊ မှန်ကန်လျက် တကယ်ရှိသော အရှိတရား။ (တစ်နည်း) မြတ်သော သဗ္ဗညုတဉာဏ်၏ အာရုံပြုရာ၊ ကျက်စားရာဖြစ်သော တရား ။(ပရမတ္ထကို ပရမ+အတ္ထ-ဟု ပုဒ်ခွဲ၊ပရမ-မြတ်သော၊ အချုပ်ပဓာနဖြစ်သော၊ သဘောတရား။တစ်နည်း=ပရမ-မြတ်သော...
