ပဋိဃသမ္ပယုတ်-ဟူသော ပုဒ်သည် ပဋိဃ+သမ္ပယုတ္တ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်၊ ပဋိဃ= အာရုံကို ထိပါး-ထိခိုက်တတ်သော ဒေါသနှင့်၊ သမ္ပယုတ္တ= ယှဉ်သော-ဟု အဓိပ္ပါယ်ရသည်။
ပစ္စယုပ္ပန်
ကျေးဇူးပြု၊ ထောက်ပံ့ကူညီပေးမူကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားကို ပစ္စယုပ္ပန်-ဟု ခေါ်သည်။
