ပရိကံ ၁

by | Jun 9, 2022 | ပ | 0 comments

ပရိကံ-ဟူသည် အထက်အထက်ဘာဝနာကို ပြုပေးတတ်သော စိတ် ဖြစ်သည်။ အပ္ပနာဖြစ်ပေါ်ရန် ပြုပြင်စီရင်တတ်သော စိတ်သည် ပရိကံမည်၏။

ပရိကမ္မနိမိတ်

ပရိကမ္မဘာဝနာ၏ အာရုံဖြစ်သော ကသိုဏ်းဝန်း-စသော နိမိတ်(ပုံရိပ်အာရုံ)ကို "ပရိကမ္မနိမိတ်"ဟု ခေါ်သည်။

ပညိန္ဒြေ

သိမှုကိစ္စကို လွှမ်းမိုး အုပ်စိုးနိုင်သော သဘော။

ပစ္စည်း

ကျေးဇူးပြုတတ်၊ ထောက်ပံ့ကူညီပေးတတ်သော ဟိတ်-စသော တရားမျိုးကို ပစ္စယ= ပစ္စည်းဟု ခေါ်သည်။

ပရိကမ္မဘာဝနာ

ဈာန်-ဟူသော အပ္ပနာကို ပြုစီမံပေးတတ်သော ဘာဝနာ ၊တစ်နည်း-အပ္ပနာဘာဝနာ၏ အစအလုပ်ဖြစ်သော (အပ္ပနာဘာဝနာ၏) ရှေ့ပိုင်း၌ ဖြစ်သော ဘာဝနာ။ ဘာဝနာစီးဖြန်းသည်မှ စ၍ နီဝရဏမငြိမ်းမီအတွင်း ပွားများအားထုတ်အပ်သမျှ ကာမာဝစရကုသိုလ်ကြိယာဘာဝနာသည် ပရိကမ္မဘာဝနာ ဖြစ်သည်။ (၎င်းတို့၏ အဓိပ္ပါယ်ကို...

ပိသုဏဝါစာ

ချောပစ်ကုန်းတိုက်ခြင်း၊ တစ်ဦးနှင့် တစ်ဦး အချစ်ပျက်အောင် ကုန်းချောစကား ပြောကြားခြင်း။