နိရောဓသမာပတ် ဝင်စားသူ

by | Jun 9, 2022 | န | 0 comments

စိတ်, စေတသိက်, စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းမှုသို့ ရောက်နေသူ။ (နိရောဓသမာပတ်မှ ထသောအခါ အနာဂါမ်ပုဂ္ဂိုလ်မှာ အနာဂါမိဖိုလ်ဇော တစ်ကြိမ်ဖြစ်သည်၊ ရဟန္တာပုဂ္ဂိုလ်မှာ အရဟတ္ထဖိုလ်ဇော တစ်ကြိမ် ဖြစ်သည်၊ ထို့နောက် ဘဝင် ကျသည်၊ ဘဝင်နောက်မှာ ပစ္စဝေက္ခဏာဝီထိဖြစ်သည်။)

နိဗ္ဗာန် ၂ မျိုး

သဥပါဒိသေသနိဗ္ဗာနဓာတ်၊ အနုပါဒိသေသနိဗ္ဗာနဓာတ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)

နီဝရဏ

ဈာန်, မဂ်, ဖိုလ်တို့ကို မဖြစ်အောင် တားမြစ်ပိတ်ပင်တတ်သော တရားတို့ကို "နီဝရဏ"ဟု ခေါ်သည်။

နိပ္ဖန္နရုပ်

"ကံ, စိတ်, ဥတု, အာဟာရ" ဟူသော အကြောင်းတရားတို့က ဖြစ်စေ၍ ဖြစ်ပေါ်လာသော ရုပ်များ။

နိဗ္ဗာန် ၃ မျိုး

နိဗ္ဗာန်သည် ပရမတ်အားဖြင့် တစ်မျိုးတည်းသာ ရှိသော်လည်း နိဗ္ဗာန်၏ ဂုဏ်ဟူသော အခြင်းအရာအားဖြင့် သုံးမျိုးခွဲခြားကြသည်။ ၁။ သုညတနိဗ္ဗာန်၊ ၂။ အနိမိတ္တနိဗ္ဗာန်၊ ၃။ အပ္ပဏိဟိတနိဗ္ဗာန်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

နာမရူပပရိစ္ဆေဒဉာဏ်

ကမ္မဋ္ဌာန်းကို ရှုမှတ်နေသော ပုဂ္ဂိုလ်၏ ပင်ကိုယ်သဘော (လက္ခဏာ)အားဖြင့်ဖြစ်စေ၊ စွမ်းအင်သတ္တိကိစ္စ (ရသ)အားဖြင့်ဖြစ်စေ၊ ရှုမှတ်သူ၏ အသိဉာဏ်ထဲမှာ ပေါ်လွင်ထင်ရှားလာပုံ အမူအရာ (ပစ္စုပဋ္ဌာန်)အားဖြင့်ဖြစ်စေ နာမ်-ရုပ်တို့ကို အမှန်အတိုင်း သိမြင်မှုကို "နာမရူပပရိစ္ဆေဒဉာဏ်"ဟု...