နေဝသညာနာသညာယတန ကုသိုလ်ဈာန်စိတ်

by | Jun 9, 2022 | | 0 comments

(ယှဉ်တွဲ ဖြစ်ဖက်တရားတို့၏) တည်ရာ ဖြစ်သော၊ ထင်ရှားသော သညာမဟုတ်သည့်အတွက် သညာ-ဟုလည်း မဆိုထိုက်သော၊ သိမ်မွေ့သော သညာ ဖြစ်သည့်အတွက် သညာ မဟုတ်ဘူး-ဟုလည်း မဆိုထိုက်သော (သညာ) ရှိသော ကုသိုလ်ဈာန်စိတ်ကို နေဝသညာနာသညာယတန ကုသိုလ်ဈာန်စိတ်-ဟု ခေါ်သည်။

နိမ္မာနရတိဘုံ

မိမိဖန်ဆင်းသော စည်းစိမ်၌ မွေ့လျော်ခြင်း ရှိကြသော နတ်တို့ ဖြစ်ရာ ဘုံ။

နာမ် ရုပ် ၁

ညွတ်တတ်သောသဘောသည် နာမ်မည်၏၊ ဖောက်ပြန်တတ်သော သဘောသည် ရုပ်မည်၏။ ဝိပါက်ဝိညာဉ်၌ ယှဉ်သော စေတသိက်နှင့်...

နီလကသိုဏ်း ကမ္မဋ္ဌာန်း

အညိုရောင် အဝိုင်းငယ်ကို (အညိုရောင်၊အညိုရောင်)ဟု ရှုမှတ် ပွါးများသော ဘာဝနာသည် နီလကသိုဏ်း ကမ္မဋ္ဌာန်း...

နိဗ္ဗိဒါဉာဏ်

အပြစ်ဟု ထင်မြင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၌ ငြီးငွေ့သော ဉာဏ်။

န ကုတောစိသမုဋ္ဌာန်

လက္ခဏရုပ်လေးပါးတို့သည် ကံ စိတ် ဥတု အာဟာရ အကြောင်းလေးပါးကြောင့် မဖြစ်၊ ဖြစ်ခြင်း ရင့်ခြင်း ပျက်ခြင်းတို့သည် ဖြစ်ပေါ်သော ရုပ်တို့၏ သဘောတံထွာ ဓမ္မတာပင် ဖြစ်၏။ ထို့ကြောင့် နကုတောစိသမုဋ္ဌာန်ရုပ်...

နတ္ထိပစ္စယော

မိမိ၏ နောက် ဆက်လျက် ဖြစ်ပေါ်လာမည့် နာမ်တရားတို့အား ဖြစ်ခွင့်ပေးခြင်းအားဖြင့် ကိုယ်တိုင် မရှိတော့သည်ဖြစ်၍ ကျေးဇူးပြုတတ်သော...