န ကုတောစိသမုဋ္ဌာန်

by | Jun 9, 2022 | န | 0 comments

လက္ခဏရုပ်လေးပါးတို့သည် ကံ စိတ် ဥတု အာဟာရ အကြောင်းလေးပါးကြောင့် မဖြစ်၊ ဖြစ်ခြင်း ရင့်ခြင်း ပျက်ခြင်းတို့သည် ဖြစ်ပေါ်သော ရုပ်တို့၏ သဘောတံထွာ ဓမ္မတာပင် ဖြစ်၏။ ထို့ကြောင့် နကုတောစိသမုဋ္ဌာန်ရုပ် မည်၏။

နာမ် ရုပ် ၁

ညွတ်တတ်သောသဘောသည် နာမ်မည်၏၊ ဖောက်ပြန်တတ်သော သဘောသည် ရုပ်မည်၏။ ဝိပါက်ဝိညာဉ်၌ ယှဉ်သော စေတသိက်နှင့်...

နေဝသညာနာသညာယတန

နေဝသညာနာသညာယတန-ဟူသော ပုဒ်သည် နေဝ+သညာ+န+အ+ သညာ+အာယတန-ဟူသော ပုဒ်ခြောက်ခုတို့ကို ပေါင်းစပ်ထားသော ပုဒ် ဖြစ်သည်။ နေဝ= မဟုတ်၊ သညာ= (ထင်ရှားသော) သညာ၊ န= မဟုတ်၊ အသညာ= (သိမ်မွေ့သော) သညာ မဟုတ်သည်ကား၊ အာယတန= (ယှဉ်တွဲ ဖြစ်ဖက်တရားတို့၏) တည်ရာ-ဟု တစ်လုံးချင်း အဓိပ္ပါယ်ရသည်။...

နေဝသညာနာသညာယတနဘုံ

နေဝသညာနာသညာယတနဝိပါက်စိတ်စေတသိက်ဖြင့် ပဋိသန္ဓေတည်နေလျက် အဆက်ဆက် ဖြစ်ပွားနေသော နာမ်ခန္ဓာအစဉ်၏ ဖြစ်တည်ရာ...

နိဗ္ဗိဒါဉာဏ်

အပြစ်ဟု ထင်မြင်အပ်ပြီးသော ခန္ဓာငါးပါး သင်္ခါရတရား(ရုပ်နာမ်)တို့၌ ငြီးငွေ့သော ဉာဏ်။

နိမ္မာနရတိဘုံ

မိမိဖန်ဆင်းသော စည်းစိမ်၌ မွေ့လျော်ခြင်း ရှိကြသော နတ်တို့ ဖြစ်ရာ ဘုံ။