ဘူတရုပ် ၄-ပါး၊ ပသာဒရုပ် ၅-ပါး၊ ဂေါစရရုပ် ၄-ပါး၊ (ရုပ်သီးခြား မဟုတ်၊ ဘူတရုပ်တွင် ပါဝင်ပြီးဖြစ်သောကြောင့် ဖောဋ္ဌဗ္ဗာရုံကို သီးခြား ထပ်၍ မရေတွက်ပါ၊) ဘာဝရုပ် ၂-ပါး၊ ဟဒယရုပ် ၁-ပါး၊ ဇီဝိတရုပ် ၁-ပါး၊ အာဟာရရုပ် ၁-ပါး၊ ပေါင်း ၁၈-ပါး။(ဘူတရုပ် ၄-ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)
နိဗ္ဗာန် ၃ မျိုး
နိဗ္ဗာန်သည် ပရမတ်အားဖြင့် တစ်မျိုးတည်းသာ ရှိသော်လည်း နိဗ္ဗာန်၏ ဂုဏ်ဟူသော အခြင်းအရာအားဖြင့် သုံးမျိုးခွဲခြားကြသည်။ ၁။ သုညတနိဗ္ဗာန်၊ ၂။ အနိမိတ္တနိဗ္ဗာန်၊ ၃။ အပ္ပဏိဟိတနိဗ္ဗာန်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...