နေဝသညာနာသညာယတန

by | Jun 9, 2022 | | 0 comments

နေဝသညာနာသညာယတန-ဟူသော ပုဒ်သည် နေဝ+သညာ+န+အ+ သညာ+အာယတန-ဟူသော ပုဒ်ခြောက်ခုတို့ကို ပေါင်းစပ်ထားသော ပုဒ် ဖြစ်သည်။ နေဝ= မဟုတ်၊ သညာ= (ထင်ရှားသော) သညာ၊ န= မဟုတ်၊ အသညာ= (သိမ်မွေ့သော) သညာ မဟုတ်သည်ကား၊ အာယတန= (ယှဉ်တွဲ ဖြစ်ဖက်တရားတို့၏) တည်ရာ-ဟု တစ်လုံးချင်း အဓိပ္ပါယ်ရသည်။ ထိုပုဒ်ခြောက်ခုပေါင်း၏ တိုက်ရိုက် အဓိပ္ပါယ်မှာ (ယှဉ်တွဲ ဖြစ်ဖက်တရားတို့၏) တည်ရာ ဖြစ်သော၊ ထင်ရှားသော သညာမဟုတ်သည့်အတွက် သညာ-ဟုလည်း မဆိုထိုက်သော၊ သိမ်မွေ့သော သညာ ဖြစ်သည့်အတွက် သညာ မဟုတ်ဘူး-ဟုလည်း မဆိုထိုက်သော (သညာ) ဟု ဖြစ်သည်။

နတ်ပြည် ၆ ထပ်

၁။စာတုမဟာရာဇ်၊ ၂။တာဝတိံသာ၊၃။ယာမာ၊၄။တုသိတာ၊န၅။နိမ္မာနရတိ၊၆။ပရနိမ္မိတဝသဝတ္တီ။

နီဝရဏ ၆ ပါး

၁။ ကာမစ္ဆန္ဒနီဝရဏ၊ ၂။ ဗျာပါဒနီဝရဏ၊ ၃။ ထိနမိဒ္ဓနီဝရဏ၊ ၄။ ဥဒ္ဓစ္စကုက္ကုစ္စနီဝရဏ၊ ၅။ ဝိစိကိစ္ဆာနီဝရဏ၊ ၆။ အဝိဇ္ဇာနီဝရဏ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

နတ္ထိပစ္စယော

မိမိ၏ နောက် ဆက်လျက် ဖြစ်ပေါ်လာမည့် နာမ်တရားတို့အား ဖြစ်ခွင့်ပေးခြင်းအားဖြင့် ကိုယ်တိုင် မရှိတော့သည်ဖြစ်၍ ကျေးဇူးပြုတတ်သော...

နာမ် ရုပ် ၁

ညွတ်တတ်သောသဘောသည် နာမ်မည်၏၊ ဖောက်ပြန်တတ်သော သဘောသည် ရုပ်မည်၏။ ဝိပါက်ဝိညာဉ်၌ ယှဉ်သော စေတသိက်နှင့်...

နိရောဓသမာပတ်

စိတ်, စေတသိက်, စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းမှုသို့ ရောက်ခြင်း။