ကံ

by | Sep 9, 2022 | က | 0 comments

ကိုယ်မှု၊နှုတ်မှု၊စိတ်မှု-ကို ပြုလုပ်အောင် တိုက်တွန်းပေးသော ကုသိုလ်စေတနာ, အကုသိုလ်စေတနာကို ကံ-ဟု ခေါ်သည်။

ကိလေသဝဋ် ၁

ပဋိစ္စသမုပ္ပါဒ်၏ အင်္ဂါ ၁၂ ပါးတို့တွင် ကိလေသာလည်းဖြစ်၊ သံသရာ၌ ချာချာလည်စေတတ်သော ဝဋ်လည်းဖြစ်သော တရားကို ကိလေသဝဋ်ဟု...

ကပ်

သတ်မှတ်ထားသော ကာလတစ်ခုကို ကပ်-ဟု ခေါ်သည်။ အသက်တမ်းအားဖြင့် ပိုင်းခြားသတ်မှတ်ထားသော ကာလကို အာယုကပ်-ဟု ခေါ်သည်။ အသက်အသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ်နှစ်တမ်းမှ အသင်္ချေယျတမ်းဟူသော ဆုတ်ကပ် တက်ကပ်တစ်စုံသည် အန္တရကပ်တစ်ခု၊ ထိုအန္တရကပ် ၆၄ ခုသည် အသင်္ချေယျကပ်တစ်ခု၊...

ကုသိုလ်မနောကံ ၃ ပါး

၁။ အနဘိဇ္ဈာ၊ ၂။ အဗျာပါဒ၊ ၃။ သမ္မာဒိဋ္ဌိ။ အနဘိဇ္ဈာ။ (အနဘိဇ္ဈာ-စသည်၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

ကာယဓာတ် ၁

မိမိသဘောကို ဆောင်တတ်သော၊ မိမိသဘောလက္ခဏာအတိုင်း ထင်ရှားစွာ ဖြစ်တတ်သော ကိုယ်။