ကုသိုလ်မနောကံ ၃ ပါး

by | Jun 9, 2022 | က | 0 comments

၁။ အနဘိဇ္ဈာ၊ ၂။ အဗျာပါဒ၊ ၃။ သမ္မာဒိဋ္ဌိ။ အနဘိဇ္ဈာ။ (အနဘိဇ္ဈာ-စသည်၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။

ကမ္မနိမိတ်

ကံပြုစဉ်တုန်းက တွေ့ကြုံရသမျှသော အာရုံများကို "ကမ္မနိမိတ်"ဟု ခေါ်သည်၊ (ကမ္မ- ကံ+နိမိတ္တ-အာရုံ)။

ကာယဝိညာဏ် ဒွေး ၂

၁။အကုသလဝိပါက် ဒုက္ခသဟဂုတ် ကာယဝိညာဏ်၊ ၂။အဟိတ်ကုသလဝိပါက် သုခသဟဂုတ် ကာယဝိညာဏ်၊

ကမ္မဘဝ ၂

လောကီကုသိုလ် ၁၇၊ အကုသိုလ် ၁၂-၌ယှဉ်သောစေတနာ ၂၉- ပါး။

ကလာပ်

အစိတ်အစိတ်တရားများ ပေါင်းစုမိကြရာ ဖြစ်သောအပေါင်းအဖွဲ့ကို ကလာပ်-ဟု ခေါ်သည်၊ အတူတကွ ဖြစ်ခြင်း၊ အတူတကွချုပ်ခြင်း၊ တူသောမှီရာ မဟာဘုတ် ရှိခြင်း-လက္ခဏာ ၃-ပါးနှင့် ပြည့်စုံသော ရုပ်အပေါင်းကို "ကလာပ်"ဟု...