၁။ ဓမ္မသင်္ဂဏီကျမ်း၊ ၂။ ဝိဘင်းကျမ်း၊ ၃။ ဓာတုကထာကျမ်း၊ ၄။ ပုဂ္ဂလပညတ်ကျမ်း၊ ၅။ ကထာဝတ္ထုကျမ်း၊ ၆။ ယမကကျမ်း၊ ၇။...

အ နှင့်စသော စာလုံးများ
အရူပါဝစရ ၄ ဘုံ
၁။ အာကာသာနဉ္စာယတနဘုံ၊ ၂။ ဝိညာဏဉ္စာယတနဘုံ၊ ၃။ အာကိဉ္စညာယတနဘုံ၊ ၄။ နေဝသညာနာသညာယတနဘုံ။
အဝိဂတပစ္စယော
မကင်းပျောက်သေးသည်၏ အဖြစ်ဖြင့် (မကင်းပျောက်သေးသည် သာလျှင် ဖြစ်သော တရားအား ထောက်ပံ့လျက်) ကျေးဇူးပြုတတ်သော...
အဝိဇ္ဇောဃ ၁
သိတတ်သော ဉာဏ်၏ ဆန့်ကျင်ဘက်ဖြစ်သော မောဟသည် မိမိကိန်းရာ သတ္တဝါကို သံသရာဝဋ်ဒုက္ခ၌ လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သောကြောင့်...
အဟိတ်ကြိယာ
အဟိတ်ကြိယာ-ဟူသော ပုဒ်သည် အဟေတုက+ကြိယာ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ အဟေတုက= (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရားမရှိသော ၊ကြိယာ= ပြုကာမျှသာ ဖြစ်သော၊ ဝါ- အကျိုးမပေးတော့သော-ဟု...
အာစိဏ္ဏ ကံ
အမြဲမပြတ် ဝတ်ထား၍ လေ့ကျက်အပ်၊ တိုးပွားစေအပ်သော ကံမျိုးသည် "အာစိဏ္ဏ ကံ" မည်၏။
အာရမ္မဏိက
အာရုံပြုတတ်သော စိတ်။
အာသဝက္ခယအဘိညာဉ်
အာသဝေါတရားတို့ကို ကုန်ခန်းစေနိုင်သော အရဟတ္တမဂ်ဉာဏ်ကို "အာသဝက္ခယအဘိညာဉ်"ဟု ခေါ်သည်။
အကုသလကမ္မပထတရား ၁၀ ပါး
အကုသိုလ်ကာယကံ ၃ ပါး၊ အကုသိုလ်ဝစီကံ ၄ ပါး၊ အကုသိုလ်မနောကံ ၃ ပါး၊ပေါင်း ၁၀ ပါး။ (အကုသိုလ်ကာယကံ ၃ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...
အကုသိုလ်ဟိတ် ၃ ပါး
လောဘ၊ ဒေါသ၊ မောဟ။(လောဘ-စသည်ကိုလည်း ရှု)