အာရုံအဖြစ်ဖြင့် ကျေးဇူးပြုတတ်သော တရား။

အ နှင့်စသော စာလုံးများ
အာသဝ တရား ၄-ပါး
၁။ ကာမာသဝ၊ ၂။ ဘဝါသဝ၊ ၃။ ဒိဋ္ဌာသဝ၊ ၄။ အဝိဇ္ဇာသဝ။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။)
အကုသလကမ္မပထတရား
အပါယ်ရောက်စေတတ်သော လမ်းခရီးသဖွယ် ဖြစ်သော တရား။
အကုသိုလ်ဟိတ်
အကုသိုလ်နှင့် ယှဉ်တွဲ၍ ဖြစ်သော ဟိတ်။
အဏ္ဍဇသတ္တဝါ
ဥခွံ၌ဖြစ်သော သတ္တဝါ၊ ကြက်, ငှက်-စသော သတ္တဝါမျိုး။
အဓိပတိ
ဦးစီးခေါင်းဆောင် ဖြစ်သော တရား။
အနာဂါမ်
အနာဂါမိမဂ်ကို ရလျှင် ကာမရာဂနှင့် ဗျာပါဒတို့ကို အကုန်အစင် ပယ်ပြီးဖြစ်၍ ကာမဘုံသို့ ပဋိသန္ဓေ မနေလာသောကြောင့် "အနာဂါမ်"ဟူသော အမည်ကို ရရှိလေတော့သည်၊ အနာဂါမ်များသည် ကာမရာဂကို ပယ်ပြီးဖြစ်သည့်အတွက် ကာမဂုဏ် ခံစားခြင်းလည်း မရှိတော့ပါ၊ ဗျာပါဒကို ပယ်ပြီးဖြစ်သည့်အတွက် ဒေါသလည်း...
အနုလုံ ၂
မဟာကုသိုလ်မဟာကြိယာဉာဏသမ္ပယုတ်ဇောစိတ် ၈ ပါးတွင် တစ်ပါးပါး။
အပ္ပဋိဃရုပ်
ဓာတ်သဘာဝအလိုက် မထိခိုက်တတ်သော ရုပ်များ။ ထိခိုက် ကိုင်တွယ် စမ်းသပ်ရန် မလွယ်ကူသောကြောင့်ပင် မထိခိုက်တတ်ဟု ဆိုခြင်း...
အပ္ပမာဏသုဘာဘုံ
အပ္ပမာဏသုဘာဗြဟ္မာတို့ နေရာ ဘုံ။