အ နှင့်စသော စာလုံးများ

အပ္ပနာဇော

မဟဂ္ဂုတ်လောကုတ္တရာဇော (ရူပါဝစရကုသိုလ် ၅၊ ရူပါဝစရကြိယာ ၅၊ အရူပါဝစရကုသိုလ် ၄၊ အရူပါဝစရကြိယာ ၄၊ မဂ် ၄၊ ဖိုလ် ၄)၊ပေါင်း ၂၆ ပါးတို့သည် အပ္ပနာအမည်ရှိခြင်းကြောင့် ဇောကိစ္စကို ဆောင်ရွက်သည်ရှိသော် အပ္ပနာဇော-ဟု...

အဘိဇ္ဈာကာယဂန္ထ ၁

အာရုံတစ်ခုခုကို ရှေးရှုကြံစည်ခြင်း, လိုချင်ခြင်းသည် "အဘိဇ္ဈာ"မည်၏၊ အကုသလကမ္မပထ၌ သူတစ်ပါးစည်းစိမ်ဥစ္စာကို မတရား လိုချင်သော လောဘကို အဘိဇ္ဈာ-ဟု ခေါ်သည်။၊ ဤ၌ကား လောဘဟူသမျှကိုပင် အဘိဇ္ဈာ-ဟု ခေါ်သည်။ (အဘိ-ရှေးရှု+ဈာ-ကြံစည်ခြင်း။) ထိုအဘိဇ္ဈာသည် သတ္တဝါတို့၏ နာမကာယနှင့်...

အရဟတ္တမဂ်

အရဟတ္တမဂ်-ဟူသော ဝေါဟာရသည် အရဟတ္တ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ အရဟတ္တ-ရဟန္တာ ဖြစ်ကြောင်းဖြစ်သော၊ မဂ္ဂ-မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ရဟန္တာ ဖြစ်တော့၏။ သို့ဖြစ်၍ ဤမဂ်သည် ရဟန္တာ ဖြစ်ကြောင်း ဖြစ်၏၊ ထို့ကြောင့် ဤမဂ်ကို အရဟတ္တမဂ်-ဟု...

အရူပါဝစရစိတ် ၁၂ ပါး

အရူပါဝစရကုသိုလ်စိတ် ၄ ပါး၊ အရူပါဝစရဝိပါက်စိတ် ၄ ပါး၊ အရူပါဝစရကြိယာစိတ် ၄ ပါး၊ပေါင်း ၁၂ ပါး။(အရူပါဝစရကုသိုလ်စိတ် ၄ ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌...

အာလောကကသိုဏ်း ကမ္မဋ္ဌာန်း

အရောင်အလင်း အဝိုင်းငယ်ကို (အရောင်အလင်း၊အရောင်အလင်း)ဟု ရှုမှတ် ပွါးများသော ဘာဝနာသည် အာလောကကသိုဏ်း ကမ္မဋ္ဌာန်း...

အာဟာရပစ္စယော

ရုပ်နာမ်တို့အား ထောက်ပံ့ခြင်းအားဖြင့် ကျေးဇူးပြုတတ်သော တရား။