အရဟတ္တမဂ်

by | Jun 9, 2022 | အ | 0 comments

အရဟတ္တမဂ်-ဟူသော ဝေါဟာရသည် အရဟတ္တ+မဂ္ဂ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ဝေါဟာရ ဖြစ်သည်။ အရဟတ္တ-ရဟန္တာ ဖြစ်ကြောင်းဖြစ်သော၊ မဂ္ဂ-မဂ်-ဟု အဓိပ္ပါယ်ရသည်။ ဤမဂ်ကို ရပြီးသူသည် ရဟန္တာ ဖြစ်တော့၏။ သို့ဖြစ်၍ ဤမဂ်သည် ရဟန္တာ ဖြစ်ကြောင်း ဖြစ်၏၊ ထို့ကြောင့် ဤမဂ်ကို အရဟတ္တမဂ်-ဟု ခေါ်သည်။

အဝိဇ္ဇမာနအဝိဇ္ဇမာနပညတ်

ပရမတ္ထအားဖြင့် ထင်ရှားမရှိသော အနက် နှစ်မျိုးကို ပေါင်းစပ်၍ သိစေတတ်သော "မင်း+သား" စသော သဒ္ဒပညတ်။

အကုသလဝိပါက်စိတ် ၇ ပါး

၁။ဥပေက္ခာသဟဂုတ် စက္ခုဝိညာဏ်စိတ် ၁ပါး၊၂။ဥပေက္ခာသဟဂုတ် သောတဝိညာဏ်စိတ် ၁ပါး၊ ၃။ဥပေက္ခာသဟဂုတ် ဃာနဝိညာဏ်စိတ် ၁ပါး၊ ၄။ဥပေက္ခာသဟဂုတ် ဇိဝှါဝိညာဏ်စိတ် ၁ပါး၊ ၅။ဒုက္ခသဟဂုတ်ကာယဝိညာဏ်စိတ် ၁ပါး၊ ၆။ဥပေက္ခာသဟဂုတ် သမ္ပဋိစ္ဆိုင်းစိတ် ၁ပါး၊ ၇။ဥပေက္ခာသဟဂုတ် သန္တိရဏစိတ်...

အနုပါဒိန္နရုပ်

တိဇရုပ်("စိတ် , ဥတု, အာဟာရ"ဟူသော အကြောင်း ၃-ပါးကြောင့် ဖြစ်သော ရုပ်)ဖြစ်သည်။