စက္ခုဝိညာဏ်ဖြင့် မမြင်စကောင်းသော ရုပ်ကို "အနိဒဿနရုပ်"ဟု ခေါ်သည်။

အ နှင့်စသော စာလုံးများ
အနုဿတိ ၁
အဖန်တလဲလဲ အောက်မေ့မှု အမှတ်ရမှုသည် အနုဿတိမည်၏။
အပ္ပဏိဟိတာနုပဿနာ
"ဒုက္ခ"ဟု ရှုသော ဝိပဿနာသည် တောင့်တတတ်သော တဏှာကို ပယ်ခွာနိုင်သောကြောင့် "အပ္ပဏိဟိတာနုပဿနာ"ဟူသော အမည်ကိုရလျက် ဝိမောက္ခသို့ ဝင်ရာလမ်းပေါက် (ဂိတ်ဝ) တစ်မျိုးဖြစ်သည်၊ (အပ္ပဏိဟိတ= တောင့်တဖွယ်မရှိဟု + အနုပဿနာ= ရှုတတ်သော...
အဗျာကတဟိတ် ၃ ပါး
အလောဘ၊ အဒေါသ၊ အမောဟ။(အလောဘ-စသည်ကိုလည်း ရှု။)
အမောဟစေတသိက်
ပညိန္ဒြေစေတသိက်ပင် ဖြစ်သည်။
အရူပါဝစရကုသိုလ်စိတ်
အရူပဗြဟ္မာဘဝသို့ ရောက်စေနိုင်သော၊ အရူပဗြဟ္မာ့ဘုံ၌ ပဋိသန္ဓေနေရခြင်းကို ဖြစ်စေနိုင်သော...
အဝိဇ္ဇာ ၁
သိသင့်သိထိုက်သော အရာဌာနကို မသိတတ်သော, မသိအောင် ဖုံးလွှမ်းပိတ်ကာ ထားတတ်သော တရားသည် "အဝိဇ္ဇာ" မည်၏၊ ထို အဝိဇ္ဇာမည်သော မောဟသည် သစ္စာ ၄-ပါးကိုလည်း မသိအောင် ဖုံးလွှမ်းတတ်သည်၊ အတိတ်က ဖြစ်ခဲ့သော ခန္ဓာ, အာယတန, ဓာတ်အဖို့အစု၊ အနာဂတ်၌ဖြစ်မည့် ခန္ဓာ, အာယတန, ဓာတ်အဖို့ အစု၊ အတိတ်က...
အဝိဘူတာရုံ
စိတ်၌ မထင်မရှား ဝိုးတဝါးဖြစ်သော အာရုံ။
အဟိတ်စိတ်
အဟိတ်စိတ်-ဟူသော ပုဒ်သည် အဟေတုက+စိတ္တ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ အဟေတုက= (ယှဉ်တွဲဖြစ်ဖက်) ဟိတ်ဟူသော အကြောင်းတရား မရှိသော၊ စိတ္တ= စိတ်-ဟု အဓိပ္ပါယ်...
အာနေဉ္ဇာဘိသင်္ခါရ
အရူပကုသိုလ်၌ ယှဉ်သော စေတနာ ၄-ပါး။