သ နှင့်စသော စာလုံးများ

သမထဘာဝနာ

နီဝရဏ-စသည်တို့ကို ငြိမ်သက်စေနိုင်၊ ငြိမ်းစေနိုင်သော သမာဓိကို "သမထဘာဝနာ"ဟု ခေါ်သည်၊

သြဃ

ရေအလျဉ်နှင့် တူသော တရား။ (သြဃသဒ္ဒါ၏ ဟောရင်းအနက်မှာ အဟုန်ပြင်းထန်သော ရေအလျဉ် ဖြစ်သည်၊ ဤအရာ၌ကား ထိုရေအလျဉ်နှင့် တူသောကြောင့် လောဘ, ဒိဋ္ဌိ, မောဟကို "သြဃ"ဟု ခေါ်သည်၊ ရေအလျဉ်သည် သတ္တဝါတို့ကို လွှမ်းဖိနှစ်မြှုပ်၍ သတ်တတ်သည်၊ ထို့အတူ လောဘ, ဒိဋ္ဌိ, မောဟတို့သည်လည်း မိမိကိန်းရာ...

သုဂတိအဟိတ်ပုဂ္ဂိုလ်

အဟိတ်ကုသလဝိပါက် ဥပေက္ခာသဟဂုတ် သန္တီရဏစိတ်ဖြင့် သုဂတိဘုံ၌ ပဋိသန္ဓေနေသော ပုဂ္ဂိုလ်, (ဇီဝိတနဝကကလာပ်ရုပ်ဖြင့် ပဋိသန္ဓေနေသော အသညသတ်ပုဂ္ဂိုလ်တို့)ကို (ဖြစ်ရာဘုံကို လိုက်၍ 'သုဂတိ'+ပဋိသန္ဓေကို လိုက်၍ 'အဟိတ်'= ယင်း ၂-ရပ်ကို ပေါင်းစပ်လျက်) "သုဂတိအဟိတ်ပုဂ္ဂိုလ်"ဟု...

သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်

သောတာပတ္တိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်၌ဖြစ်သော ပုဂ္ဂိုလ်ကို "သောတာပတ္တိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်"ဟု ခေါ်သည်။ သောတာပတ္တိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် သောတာပတ္တိမဂ်ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို...

သောမနဿသဟဂုတ်

သောမနဿသဟဂုတ်-ဟူသော ပုဒ်သည် သောမနဿ+သဟ+ဂတ-ဟူသော ပုဒ်တို့မှ ဆင်းသက်လာသော ပုဒ် ဖြစ်သည်။ သောမနဿ= သောမနဿဝေဒနာနှင့်၊ ဝါ- ဝမ်းမြောက်သော ဝေဒနာနှင့်၊ သဟ= အတူတကွ၊ ဂတ= ဖြစ်သော-ဟု...