သ နှင့်စသော စာလုံးများ

သကဒါဂါမိမဂ္ဂဋ္ဌာန်

သကဒါဂါမိမဂ်၏ ခဏတ္တယသမင်္ဂီ အခိုက်အတန့်၌ ဖြစ်သော ပုဂ္ဂိုလ်ကို "သကဒါဂါမိမဂ္ဂဋ္ဌာန်ပုဂ္ဂိုလ်" ဟု ခေါ်သည်။ သကဒါဂါမိမဂ်၏ ခဏတ္တယသမင်္ဂီအခိုက်အတန့်ဟူသည် သကဒါဂါမိမဂ်-ဟူသော ဇောစိတ် ဖြစ်ပေါ်သည့် ဥပါဒ် ဌီ ဘင်ဟူသော ခဏသုံးပါးရှိသော ကာလကို...

သဒ္ဒပညတ် ၆ ပါး

၁။ ဝိဇ္ဇမာနပညတ်၊ ၂။ အဝိဇ္ဇမာနပညတ်၊ ၃။ ဝိဇ္ဇမာနအဝိဇ္ဇမာနပညတ်၊ ၄။ အဝိဇ္ဇမာနဝိဇ္ဇမာနပညတ်၊ ၅။ ဝိဇ္ဇမာနဝိဇ္ဇမာနပညတ်၊ ၆။ အဝိဇ္ဇမာနအဝိဇ္ဇမာနပညတ်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...

သမ္မပ္ပဓာန် ၄ ပါး

၁။ ဖြစ်ပြီးသော အကုသိုလ်တို့ကို ပယ်ဖို့ရန်အားထုတ်ခြင်း၊ ၂။ မဖြစ်သေးသော အကုသိုလ်တို့ မဖြစ်ဖို့ရန် အားထုတ်ခြင်း၊ ၃။ မဖြစ်သေးသော ကုသိုလ်တရားတို့ ဖြစ်ခြင်းငှာ အားထုတ်ခြင်း၊ ၄။ ဖြစ်ပြီးသော ကုသိုလ်တရားတို့ တိုးပွားဖို့ရန်...

သမ္မာဝါယာမ ၁

မှန်စွာ အားထုတ်မှု ဝီရိယစေတသိက်သည် "သမ္မာဝါယာမမဂ္ဂင်"မည်၏။

သုညတာနုပဿနာ

"အနတ္တ"ဟု ရှုသော ဝိပဿနာသည် "အတ္တရှိသည်"ဟု ထင်မှတ် စွဲလမ်းမှုကို ပယ်စွန့်နိုင်သောကြောင့် "သုညတာနုပဿနာ"ဟူသော အမည်ကို ရလျက် ဝိမောက္ခသို့ ဝင်ရာ လမ်းပေါက် တစ်မျိုး ဖြစ်သည်၊ (သုညတ= အတ္တမှ ကင်းဆိတ်၏ဟု + အနုပဿနာ= ရှုတတ်သော...