အထူးအပြားအားဖြင့် သိစေတတ်သော အသံ သဒ္ဒါအသုံးအနှုန်းသည် သဒ္ဒပညတ်မည်၏။

သ နှင့်စသော စာလုံးများ
သန္တီရဏကိစ္စ
အာရုံကို စူးစမ်းခြင်းအလုပ်သည် သန္တီရဏကိစ္စ မည်၏။
သမာဓိန္ဒြေ ၂
ဝီရိယမယှဉ်သော စိတ် ၁၆-ပါးနှင့် ဝိစိကိစ္ဆာသဟဂုတ်မှတစ်ပါး ကြွင်းသောစိတ် ၇၂-ပါး၌ရှိသော...
သမ္မပ္ပဓာန် ၂
ကုသိုလ်စိတ် ၂၁ ပါး၌ရှိသော ဝီရိယစေတသိက်။
သမ္မာဝါစာ ၂
"မဟာကုသိုလ်စိတ် ၈-ခု, လောကုတ္တရာစိတ် ၈-ခု"အားဖြင့် စိတ် ၁၆-ခု၌ရှိသော သမ္မာဝါစာ စေတသိက်။
သဝနကိစ္စ
နားထောင်ခြင်းအလုပ်သည် သဝနကိစ္စ မည်၏၊
သီလဗ္ဗတပရာမာသသံယောဇဉ် ၁
"နွား, ခွေး-စသည်တို့၏ အကျင့်ကို မှားယွင်းစွာ သုံးသပ်စွဲလမ်းတတ်သော သီလဗ္ဗတပရာမာသဒိဋ္ဌိသည် မိမိကိန်းရာ သတ္တဝါတို့ကို ထိုထိုဘဝမှ မလွတ်ရအောင် ချည်နှောင်တတ်သောကြောင့် သီလဗ္ဗတပရာမာသသံယောဇဉ်...
သုညတဝိမောက္ခ
ခန္ဓာငါးပါး သင်္ခါတရားတို့၌ အတ္တဇီဝမှ ဆိတ်(သုဉ်း)သည် ဖြစ်၍ သံယောဇဉ်-စသည်တို့မှ လွတ်သော မဂ်သည် သုညတဝိမောက္ခ မည်၏။ (သုညတ= အတ္တမှ ဆိတ်သုဉ်းသည်၊ ဝိမောက္ခ= သံယောဇဉ်-စသည်တို့မှ...
သောတဒွါရဝီထိ
သောတဒွါရ၌ ဖြစ်သော စိတ်အစဉ်အတန်း၊ စိတ်အဆက်ဆက်။
သောတာပန် ၃ ပါး
၁။ ဧကဗီဇိ သောတာပန်၊ ၂။ ကောလံကောလသောတာပန်၊ ၃။ သတ္တက္ခတ္တုပရမသောတာပန်။ (၎င်းတို့၏ အဓိပ္ပါယ်ကို ဆိုင်ရာ ခေါင်းစဉ်၌...