ဝ နှင့်စသော စာလုံးများ

ဝေဒနာနုပဿနာသတိပဋ္ဌာန် ၁

ဒုက္ခဒုက္ခ၊ ဝိပရိဏာမဒုက္ခ၊ သင်္ခါရဒုက္ခဖြစ်သော ဝေဒနာတို့ကို အောက်မေ့ခြင်းသည် ဝေဒနာနုပဿနာ မည်၏။

ဝတ္ထုရုပ် ၆ ပါး

ပသာဒရုပ် ၅-ပါး၊ ဟဒယရုပ် ၁-ပါး။ (ပသာဒရုပ် ၅-ပါး-စသည်ကို ဆိုင်ရာ ခေါင်းစဉ်၌ ရှုပါ။

ဝိပါက်စိတ်

ဝိပါက်စိတ်-ဟူသည် ကုသိုလ်အကုသိုလ်တို့၏ အကျိုးဖြစ်သော စိတ်။

ဝသီဘော်

စွမ်းနိုင်ခြင်းရှိသူ၏ အဖြစ်၊ဝါ-စွမ်းရည်သတ္တိရှိခြင်း။ (ဝသီ= စွမ်းရည်သတ္တိရှိသူ+ဘာဝ=အဖြစ်)။ ၎င်းကို မြန်မာစကားဖြင့် ဝသီဘော်ဟု ဆိုကြသည်။ ဈာန်ရသူတို့သည် ဈာန်ဝင်စားမှု ဈာန်မှ ထမှုတို့၌ ပိုမိုလိမ်မာကျွမ်းကျင်စေရန် မိမိရရှိထားသော ဈာန်ကို ဝသီဘော်ငါးပါးပေါက်ရောက်အောင်...