ဒုက္ခဒုက္ခ၊ ဝိပရိဏာမဒုက္ခ၊ သင်္ခါရဒုက္ခဖြစ်သော ဝေဒနာတို့ကို အောက်မေ့ခြင်းသည် ဝေဒနာနုပဿနာ မည်၏။
ဝိပါကဝဋ် ၁
ပဋိစ္စသမုပ္ပါဒ်၏ အင်္ဂါ ၁၂ ပါးတို့တွင် ကံ ဟုဆိုအပ်သော ကုသိုလ်အကုသိုလ်စေတနာကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားလည်းဖြစ်၊ သံသရာ၌ ချာချာလည်တတ်သော ဝဋ်လည်းဖြစ်သော တရားကို ဝိပါကဝဋ်ဟု...
