ပရိကံ-ဟူသည် အထက်အထက်ဘာဝနာကို ပြုပေးတတ်သော စိတ် ဖြစ်သည်။ အပ္ပနာဖြစ်ပေါ်ရန် ပြုပြင်စီရင်တတ်သော စိတ်သည်...

ပ နှင့်စသော စာလုံးများ
ပဿဒ္ဓိသမ္ဗောဇ္ဈင် ၁
ယောဂီပုဂ္ဂိုလ်များ သစ္စာလေးပါးကို သိခြင်း၏ အကြောင်းဖြစ်သော ပဿဒ္ဓိ။
ပုညာဘိသင်္ခါရ ၁
ကုသိုလ်လည်းဖြစ်၊ ပြုလည်း ပြုစီမံတတ်သော တရား။
ပစ္စယုဒ္ဒေသ
ပစ္စယုဒ္ဒေသ-ဟူသည် ပစ္စည်းခေါင်းစဉ် ဖြစ်သည်။
ပညိန္ဒြေ ၂
တိဟိတ်စိတ် ၄၇-ပါး၌ရှိသော ပညာစေတသိက်။
ပဋ္ဌာန်း
အကြောင်းအမျိုးမျိုးက အကျိုးအမျိုးမျိုးအား အစွမ်းသတ္တိအမျိုးမျိုးဖြင့် ကျေးဇူးပြုနေကြပုံကို ပြသော တရား။ (ပဋ္ဌာန်း-ဟူသော အမည်သည် ပဋ္ဌာန-ဟူသော ပါဠိမှ ဆင်းသက်လာသော အမည် ဖြစ်သည်။ ပဋ္ဌာန-ဟူသော ပါဠိသည် အကြောင်းအမျိုးမျိုးကို ဖော်ပြသော ကျမ်းကို ဟော၏။ သို့သော် ပဋ္ဌာန်း...
ပရိကံ ၂
မဟာကုသိုလ်မဟာကြိယာဉာဏသမ္ပယုတ်ဇောစိတ် ၈ ပါးတွင် တစ်ပါးပါး။
ပဿဒ္ဓိသမ္ဗောဇ္ဈင် ၂
မဟာကုသိုလ်, မဟာကြိယာ, အပ္ပနာဇောတို့၌ရှိသော ကာယပ္ပဿဒ္ဓိ, စိတ္တပ္ပဿဒ္ဓိစေတသိက်။
ပုညာဘိသင်္ခါရ ၂
မဟာကုသိုလ်စိတ် ၈-ခု, ရူပကုသိုလ် ၅-ခု၌ ယှဉ်သော စေတနာ ၁၃-ပါး။
ပစ္စယုပ္ပန်
ကျေးဇူးပြု၊ ထောက်ပံ့ကူညီပေးမူကြောင့် ဖြစ်ပေါ်လာသော အကျိုးတရားကို ပစ္စယုပ္ပန်-ဟု ခေါ်သည်။